မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ဝင်ရောက်မည့်သူများ သြဂုတ် ၁ ရက်မှစတင်၍ ၄၈ နာရီအ တွင်းစစ်ဆေးထားသည့် RDT Test (သို့) RT-PCR Test ပြသရမည်

0
294

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ဝင်ရောက်မည့်သူများ သြဂုတ် ၁ ရက်မှစတင်၍ ၄၈ နာရီအ တွင်းစစ်ဆေးထားသည့် RDT Test (သို့) RT-PCR Test ပြသရမည်

မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည်ဆိုင်ရာလေ ကြောင်းလိုင်းများ၊ကယ်ဆယ်ရေးလေယာဥ်များဖြင့် ဝင်ရောက်လာသူများအနေဖြင့် သြဂုတ် ၁ ရက်မှစတင်ကာ ၄၈ နာရီအတွင်းစစ်ဆေးထားသည့် RDT Test (သို့) RT-PCR Test ပြသရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာနှင့်အပြည်ပြည်ဆိုင်ရာလေယာဥ်လတ်မှတ်ရရှိထားသူများသည် လွန်ခဲ့သည့် ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနအသိအမှတ်ပြု ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးကြောင်းလတ်မှတ်လိုအပ်မည်ဖြစ်သည်။

အလားတူ ၄၈ နာရီအတွင်း RTD နည်းဖြင့်စစ် ဆေးခဲ့သည့် ကိုဗစ်(၁၉)ရောဂါမရှိကြောင်းအဖြေ (သို့) RT-PCR နည်းဖြင့်စစ်ဆေးထားသည့် ကိုဗစ်(၁၉)ရောဂါမရှိကြောင်းအဖြေများလိုအပ်မည်ဖြစ်သည်။


အဆိုပါ လိုအပ်ချက်များပြည့်စုံ၍ မြန်မာနိုင်ငံရှိ လေဆိပ်များသို့ရောက်ရှိပါက လေဆိပ်ကျန်းမာ ရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးတွင် စစ်ဆေးမှုများခံယူ၍ လေဆိပ်၏သတ်မှတ်နေရာတွင် RTD နည်းဖြင့် ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးပြီးနောက် ရောဂါပိုးမတွေ့ရှိသူများသည် သွားလိုသည့်ခရီးစဥ်များအား ဆက်လက်သွားလာနိုင်ပြီး ရောဂါပိုးတွေ့ရှိသူများမှာ သတ် မှတ်ထားသည့်ဆေးရုံ(သို့)ကုသရေးစင်တာ(သို့) ဟိုတယ်သို့ပို့ဆောင်၍ ကုသပေးသွားမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

အလားတူ ကယ်ဆယ်ရေးလေယာဥ်များဖြင့်ပြန်လည်ဝင်ရောက်လာသူများအား လေဆိပ်ကျန်းမာရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးတွင် စစ်ဆေးပြီးနောက် သတ်မှတ်ထားသည့်ကားများဖြင့် သတ်မှတ်ဟိုတယ်(သို့)ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

အဆိုပါ သတ်မှတ်ဟိုတယ်(သို့)ကွာရန်တင်းစင်တာတွင် ၇ ရက်နေထိုင်ရမည်ဖြစ်ကာ ပထမရက်တွင် RDT ဖြင့်စစ်ဆေး၍ ၅ ရက်မြောက်နေ့၌ RT-PCR နည်းဖြင့်စစ်ဆေးသွားမည်ဖြစ်သည်။

စစ်ဆေးမှုရလဒ်များထွက်ပေါ်လာပြီးနောက် ကိုဗစ်(၁၉)ရောဂါပိုးမတွေ့ရှိရသူများမှာ မိမိတို့၏ ခရီးစဥ်အတိုင်းဆက်လက်ထွက်ခွာနိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here