ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ကွန်ပျူတာအတွင်းရှိ Software များအစားထိုးပြု ပြင်မည်ဖြစ်၍ လက်မှတ်ထုတ်ပေးခြင်းအား သြဂုတ် ၂ ရက်မှစ၍ ရက်အနည်း ငယ်ရပ်နားမည်

0
194

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှနိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ကွန်ပျူတာအတွင်းရှိ Software များအစားထိုးပြု ပြင်မည်ဖြစ်၍ လက်မှတ်ထုတ်ပေးခြင်းအား သြဂုတ် ၂ ရက်မှစ၍ ရက်အနည်း ငယ်ရပ်နားမည်

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်အသစ်များအား ရုံးဖွင့်ရက်များ၌ နေ့စဥ်ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ပြုလုပ်ပေးလျက်ရှိရာမှ မြန်မာသံရုံးရှိ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည့် စက်အစိတ်အပိုင်းဖြစ်သည့် ကွန်ပျူတာအတွင်းရှိ မှတ်တမ်းများ အားပြန်လည်စစ်ဆေးခြင်း၊အချို့ Software များ အား အစားထိုးပြုပြင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား သြဂုတ် ၂ ရက်မှစတင်၍ ရက်အနည်းငယ်ရပ်ထားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် Call Center မှရက်ချိန်းယူထားသူများ၊လူကိုယ်တိုင် လာရောက် တိုကင်ယူထားသူများအနေဖြင့် လက် မှတ်များကို သိမ်းဆည်းထားကာ စက်များကောင်းမွန်ချိန်တွင် ပြန်လည်ပြုလုပ်ပေးသွားမည်ဟု မြန်မာသံရုံးမှထုတ်ပြန်အသိပေးခဲ့သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအားရပ်တန့်ထားသော်လည်း ထောက်ခံစာပြုလုပ်ခြင်းနှင့်ဗီဇာဆိုင်ရာကိစ္စများအား ရုံးဖွင့်ရက်များတွင် ပုံမှန်အတိုင်းဆောင်ရွက်ပေးမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here