ပုလဲမြို့နယ်၌ ကျောင်းဆရာတစ်ဦးအား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်၊ဓားများဖြင့် ထိုးခတ်ပစ်ခတ်ခဲ့

0
261

ပုလဲမြို့နယ်၌ ကျောင်းဆရာတစ်ဦးအား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်၊ဓားများဖြင့် ထိုးခတ်ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊သေတ္တရာကျေးရွာနေ ပုလဲ အ.ထ.က ကျောင်းမှ အလယ်တန်းပြကျောင်းဆရာဦးစိုင်းမင်းလတ်(၃၈)နှစ်သည် ဇူလိုင် ၂၈ ရက်မွန်းလွဲ ၃ နာရီခန့်က သေနတ်၊ဓားများဖြင့် ထိုးခတ်ပစ်ခတ်ခံခဲ့ရကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အလယ်တန်းပြကျောင်းဆရာ ဦးစိုင်းမင်းလတ် နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်အဖွဲ့ဝင်များရောက်ရှိလာကာ သေနတ်၊ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်ကြ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊နတ်မောက်မြို့၊အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်၌ လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် ရုံးပြတင်းပေါက်မှန်များကွဲအက်ပျက်စီးခဲ့သည်။

ထို့အတူ တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ကညုံရပ် ကွက်၊မြေတိုက်ကျောင်းလမ်းရှိ ကညုံ အ.မ.က ကျောင်းရှေ့လမ်းပေါ် ၊ ထားဝယ်မြို့နယ်၊ဟိန္ဒားကျေးရွာနေ ဦးကြည်ထွန်း (၅၀)နှစ်နှင့်တစ်ရွာတည်းနေ အလယ်တန်းပြကျောင်းဆရာမဒေါ်နီနီဆင့်တို့၏ နေအိမ်ရှေ့၊ မန္တလေးတိုင်း၊တောင်သာမြို့နယ်၊တွင်းများကျေးရွာရှိ အ.ထ.က (ခွဲ) ကျောင်း ရုံးခန်းဝင်ပေါက်တံခါးမကြီး အောက် ခြေအခင်းပေါ်တို့၌ ခြိမ်းခြောက်စာများတွေ့ရှိခဲ့ရသည်။

အလားတူ နံနက် ၁၀ နာရီက ရှမ်းပြည်(တောင်ပိုင်း)၊ကလောမြို့နယ်၊အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၂)အ.ထ.က ကျောင်းဝင်းနေ အထက် တန်းပြဆရာမ ဒေါ်ဝါဝါရွှေ(၄၀)နှစ်အား လက် နက်ကိုင်အဖွဲ့ဝင် ၁ ဦးက ဖုန်းဖြင့်ခြိမ်းခြောက်ခြင်းနှင့်ငွေတောင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဥ်များမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေး ယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here