မျောက်ကျောက်‌ရောဂါဖြင့် သေဆုံးမှုပိုများလာနိုင်‌ကြောင်းWHOယူဆ

0
174

မျောက်ကျောက်‌ရောဂါဖြင့် သေဆုံးမှုပိုများလာနိုင်‌ကြောင်းWHOယူဆ

ကိုပင်ဟေဂင်၊ဇူလိုင် ၃၀

ဥရောပအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကပြင်ပတွင်ပါ သေဆုံးမှုများရှိလာကြောင်းကြေငြာချက်အရ မျောက်ကျောက်ရောဂါဖြင့် သေ‌ဆုံးမှုများထပ်မံဖြစ်လာနိုင်သေးကြောင်းကို ဇူလိုင် ၃၀ ရက် စနေနေ့ကဆိုသည်။

“ဥရောပမှာ မျောက်ကျောက်ရောဂါ ပျံ့နှံ့နေတာကြောင့် နောက်ထပ်သေဆုံးမှုတွေ ထပ်တွေ့ရဖို့ ကျွန်မတို့ခန့်မှန်းထားပါတယ်” ဟု ဥရောပအခြေစိုက်ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ အကြီးတန်းအရာရှိ Catherine Smallwood က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဥရောပတွင် ကူးစက်မှုကိုလျင်မြန်စွာ ဟန့်တားရန်နှင့် ရောဂါဖြစ်ပွားမှုကို ရပ်တန့်ရန် လိုအပ်ကြောင်း Smallwood က အလေးပေးပြောကြားခဲ့သည်။သို့သော် အများစုကလည်းကုသရန် မလိုအပ်ဘဲသူ့အလိုလို ပျောက်ကင်းသွားကြောင်း ၎င်းကပြောကြားခဲ့သည်။

“မျောက်ကျောက်ရောဂါကြောင့် သေဆုံးမှုသတိပေးချက်က ဥရောပမှာ‌ေရာဂါဖြစ်ပွားမှုအပေါ် ကျွန်မတို့ရဲ့ အကဲဖြတ်ချက်ကို မပြောင်းလဲ‌ စေပါဘူး။ကူးစက်မှုအများစုမှာ တစ်ကိုယ်ရည်ကန့်သတ် နေထိုင်‌ပေမဲ့မျောက်ကျောက်ကပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်ပါတယ်” ဟု Smallwood ကမှတ်ချက်ပြုခဲ့သည်။

စပိန်နှင့်ဘရာဇီးနိုင်ငံတို့၌ မျောက်ကျောက်နှင့် ပထမဆုံးသေဆုံးမှုသတင်းများထွက်ပေါ်ပြီးနောက် တစ်ရက်အကြာတွင် စပိန်ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယမြောက်သေဆုံးမှုကိုမှတ်တမ်းတင်ခဲ့သည်။

WHO ၏အချက်အလက်များအရ မေလအစပိုင်းမှစတင်၍ အာဖရိကပြင်ပတွင် ရောဂါဖြစ်ပွားမှုပေါင်း ၁၈,၀၀၀ ကျော်ကိုတွေ့ရှိခဲ့ပြီး အများစုမှာဥရောပတွင်ဖြစ်သည်။

ရောဂါ၏အစောပိုင်းလက္ခဏာများတွင် အဖျားကြီးခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်းနှင့် ရေကျောက်ကဲ့သို့ အဖုများထွက်ခြင်းတို့ပါဝင်သည်။ရောဂါသည် နှစ်ပတ်မှ သုံးပတ်အကြာတွင် သူ့အလိုလိုသက်သာလာတတ်ပြီး တစ်ခါတစ်ရံတစ်လခန့်ကြာတတ်သည်။

အမေရိကန်ပြည်ထောင်စုတွင် Jynneos နှင့် ဥရောပရှိ Imvanex အမည်ဖြင့် စျေးကွက်တင်ထားသော ဒိန်းမတ်ဆေးဝါးထုတ်လုပ်ရေး Bavarian Nordic က ထုတ်လုပ်သည့်ကျောက်ရောဂါကာကွယ်ဆေးကလည်း မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်သည်ကိုတွေ့ရှိခဲ့သည်။

Source – AFP/rc


LEAVE A REPLY

Please enter your comment!
Please enter your name here