ဒဂုံမြောက်ပိုင်းရှိ မုန့်ဟင်းခါးဆိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ၃ ဦးဒဏ်ရာရ

0
323

ဒဂုံမြောက်ပိုင်းရှိ မုန့်ဟင်းခါးဆိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ဗိုလ်မြတ်ထွန်းလမ်းနှင့်ဗညားဒလလမ်းထောင့်ရှိ မုန့်ဟင်းခါးဆိုင်၌ ဇူလိုင် ၃၁ ရက် (ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ၄၇ ရပ်ကွက်၌ ဖွင့်လှစ်ရောင်းချနေသည့် မုန်းဟင်းခါးဆိုင်၏ မုန့်ဟင်းခါးဖတ်များနှင့်ပုဂံများတင်ထားသည့် ခုံအောက်မှဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးပေါက်သံအကျယ်ကြီးပဲကြားလိုက်ရတယ် ဒဏ်ရာရတဲ့လူတွေလည်းရှိတယ် လူနာတင်ကားတွေအမြန်မောင်းဝင်သွားပြီး အမြန်ပြန်ထွက်သွားကြတာတွေ့တယ် ဗုံးပေါက်တဲ့ဆိုင်ကနေ ကီးပတ်ဖုန်းအပိုင်းအစတွေလည်း တွေ့တယ်လို့ပြောကြတယ်”ဟု ၄၇ ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့်မုန့်ဟင်းခါးစားနေသည့် လူငယ် ၂ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here