ဗဟန်းမြို့နယ်၌ မြန်မာစာဂုဏ်ထူးရရှိသူ ၁၄၇ ဦးအား ဂုဏ်ပြုချီးမြှင့်

0
335

ဗဟန်းမြို့နယ်၌ မြန်မာစာဂုဏ်ထူးရရှိသူ ၁၄၇ ဦးအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်ရှိ ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ မြန်မာစာဂုဏ်ထူးရရှိသည့် ကျောင်း သား၊ကျောင်းသူများ၊မြန်မာစာသင်ကြားပေးသည့် ဆရာ၊ဆရာမများအား ဇူလိုင် ၃၁ ရက်(ယနေ့) နံနက် ၉ နာရီက ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဗဟန်းမြို့နယ်စာရေးဆရာအသင်းကကြီးမှူး၍ အ.ထ.က ၁ (ဗဟန်း)၏ မိုးဦးပန်းခန်းမ၌ကျင်းပခဲ့ခြင်းဖြစ်သည်။

“မြန်မာစာပေကို လေ့လာသင်ယူမှုပိုများပြီး ဖွံ့ဖြိုး
တိုးတက်စေချင်ပါတယ် မြန်မာစာပေကိုလေ့လာဆည်းပူးပြီးအနာဂတ်မှာ တိုင်းပြည်နဲ့လူမျိုးအ တွက်အားထားရသောလူရည်ချွန်၊လူရည်မွန်၊လူ ငယ်မောင်မယ်တွေ ဖြစ်ပေါ်လာစေချင်ပါတယ်” ဟု မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အလုပ် အမှုဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ (၃)ဦးမြတ်စိုး၊စာရေးဆ ရာမြတ်စိုး(လှိုင်)ကပြောသည်။

ထို့နောက် မြန်မာစာဂုဏ်ထူးရရှိစေရန် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား ဂုဏ်ပြုအမှတ် တရဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင်ပေး အပ်ခဲ့ကြသည်။

အလားတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကာ မြန်မာစာဂုဏ်ထူးရရှိသည့် ကျောင်းသား၊ကျောင်းသူ ၁၄၇ ဦးကိုလည်း ဂုဏ်ပြုအမှတ်တရဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here