အနုပညာဆိုတာ တကယ်ကို ဆန်းကြယ်ပါတယ် နှင်းယမုံဦး

0
166

h

“မကြီးစန်းနဲ့သူ၏ချစ်သူများ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နှင်းယမုံဦးက အဲဒီဇာတ်ကားကို မရိုက်ကူးခင်ကတည်းက ပရိသတ်တွေအကုန်လုံး စိတ်ဝင်စားနေကြတဲ့အတွက်ကြောင့် ကမ်းလှမ်းလာတဲ့အခါ တအားပျော်ပြီး လက်ခံလိုက်တာလို့ ပြောပါတယ်။

” မကြီးစန်းနဲ့ သူ၏ချစ်သူများ ဇာတ်ကားကို ဆရာဂျွန်လွင်က ရိုက်ကူးဖို့ ကမ်းလှမ်းတာနဲ့ ရိုက်ကူး ဖြစ်တာပါ။ မကြီးစန်းရဲ့ ဇာတ်ကားကို ညီမအနေနဲ့ တအားကို စိတ်ဝင်စားတာလည်း ပါတယ်။ ဒီဇာတ်ကား မရိုက်ကူးခင်ကတည်းက အကုန်လုံးကလည်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် ညီမ တအားပျော်ပြီး ဇာတ်ကားရိုက်ကူးဖို့ လက်ခံဖြစ်တယ်။ ဒီဇာတ်ကားမှာ ညီမ ပါဝင်ရတဲ့ အခန်းတွေကိုလည်း သဘောကျတယ်” လို့ နှင်းယမုံဦးက ဆိုပါတယ်။ ” မကြီးစန်းနဲ့ သူ၏ချစ်သူများ” ဇာတ်ကားအပါအဝင် ဇာတ်ကား ၂ ကားမြောက်ပါဝင်ရိုက်ကူးရတဲ့အတွက် အတွေ့အကြုံတွေရတဲ့အပြင် စီနီယာတွေကိုကြည့်ပြီး လေ့လာဖြစ်တယ်လို့ နှင်းယမုံဦးက ပြောပါတယ်။

” ဒီဇာတ်ကားမှာ ညီမအတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ညီမက အသစ်ဆိုတော့ အိုက်တင်ပိုင်းက ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အနုပညာနဲ့ ပတ်သက်လာရင် အားထုတ်ကြိုးစားပါတယ်။ ကိုယ့်မှာအတွေ့အကြုံလည်း တအားမရှိသေးဘူး ဆိုတော့ ကိုယ့်ရဲ့ စီနီယာအစ်ကို၊ အစ်မတွေကို ကြည့်ပြီး လိုက်လေ့လာတယ်။ အနုပညာဆိုတာက တကယ်ကို ဆန်းကျယ်တယ်။ သင်ယူလို့လည်း မဆုံးဘူး။ ဒါကြောင့် ညီမလေ့လာနိုင်သရွေ့ လေ့လာချင်တယ်” လို့ ပြောပါတယ်။ နှင်းယမုံဦးက ပထမဦးဆုံးအနေနဲ့ ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) ရိုက်ကူးတဲ့ “အချစ်နဲ့အမုန်းဒဏ္ဍာရီ ဇာတ်ကားမှာ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ ပါဝင်ရိုက်ကူးထားပြီး ဒုတိယမြောက်ဇာတ်ကား “မကြီးစန်းနဲ့ သူ၏ချစ်သူများ” မှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here