၁၈ လတာကာလအတွင်း အပြစ်မဲ့အရပ်သား ၃၄၈၃ ဦးသေဆုံးပြီး ၃၀၆၅ ဦးဒဏ်ရာရခဲ့ဟု နစက ဥက္ကဋ္ဌပြော

0
311

၁၈ လတာကာလအတွင်း အပြစ်မဲ့အရပ်သား ၃၄၈၃ ဦးသေဆုံးပြီး ၃၀၆၅ ဦးဒဏ်ရာရခဲ့ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွင်း လုံခြုံမှု၊တည်ငြိမ်အေးချမ်းမှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်နေကြမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ၏ ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် ၁ ရက်(ယနေ့)နံနက် ၈ နာရီက ပြည်သူလူထုသို့ပြောကြသည့် မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

၁၈ လတာ ကာလအတွင်း(၂၀၂၁ ခုနှစ်၊ဖေဖော် ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ဇူလိုင် ၂၃ ရက်အထိ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခတ်ခံရမှု၊မိုင်းခွဲမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်၊မီးရှို့ခံရမှု ၁၀၉၄ ကြိမ်(စုစုပေါင်း ၁၄၉၀၇ ကြိမ်) ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

အလားတူ ရဟန်း/သံဃာ/သီလရှင်များ၊အစိုးရဝန်ထမ်းများ၊အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ၊ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ် သား ၃၄၈၃ ဦးသေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ပြော သည်။

“အပြစ်မဲ့စွာ သေဆုံးသူတွေအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ် အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၄၀၂၆ ကြိမ်၊ရန်ကုန် တိုင်းတွင် ၂၄၄၂ ကြိမ်၊မန္တလေးတိုင်းတွင် ၂၁၉၄ ကြိမ်၊မကွေးတိုင်းတွင် ၁၃၉၅ ကြိမ်တို့ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“အဲဒီ ဒေသတွေမှာ မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊တည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ကျွန်တော့်အနေနဲ့ တရားဥပဒေစိုးမိုးရေးအ တွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှအပ စစ်အုပ်ချုပ်ရေးမလုပ်ခဲ့ပါဘူး”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့်ဥပဒေပြုရေးအာ ဏာသုံးရပ်အား မည်သို့ပင်အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ၁၈ လတာကာလအတွင်း နိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွင်းယူခဲ့သည့် လက်နက်များ၊အကြမ်းဖက်များနှင့်ထိတွေ့ပစ်ခတ်မှုများတွင် လက်နက်ခဲယမ်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။

“ဖမ်းဆီးရမိခဲ့တဲ့ လက်နက်မျိုးစုံ ၆၃၁၁ လက်၊ခဲယမ်းမျိုးစုံ ၃၃၅၁၈၄ တောင့်နဲ့လက်ပစ်ဗုံး/မိုင်း ၁၁၇၁၅ လုံးကို သိမ်းဆည်းရမိခဲ့သလို အကြမ်း ဖက်သူ ၆၂၃၆ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here