သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးအတွက်ကြိုးစားကြရန် RCSSတိုက်တွန်း

0
272

သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးအတွက်ကြိုးစားကြရန် RCSSတိုက်တွန်း

ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးသက်ဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က တိုက်တွန်းထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ၆ လပတ်အစည်းအဝေးကို ဇူလိုင် ၂၈ရက်မှ ၃၁ ရက်နေ့အထိ လေးရက်ကြာ ပြုလုပ်အပြီး ထုတ်ပြန်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အနေဖြင့်တွေ့ဆုံဆွေးနွေးရေးကိုအဓိက ကိုင်စွဲပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းလမ်းရှာကြိုးပမ်းသွားမည်ဖြစ်ကြောင်းပါရှိသည်။

ထို့အပြင်နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့်တရားဥပဒေစိုးမိုးမှုအားနည်းခြင်းတို့ကြောင့် ကျေးလက်ဒေသနှင့် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်ခြင်းများ များပြားလာမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် RCSSနှင့်ပူးပါင်း၍ ကာကွယ်စောင့်ရှောက်ကြရန်တိုက်တွန်းထားသည်။

သျှမ်းပြည်ပြန်ထူးထောင်ရေးကောင်စီ၏ ၂၀၂၂ခု နှစ် ၆လပတ်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ(CEC)၊ဗဟိုဦးစီးကော်မတီ(CLC)နှင့် ဗဟိုကော်မတီ(CC)တို့မှ တာဝန်ရှိပုဂ္ဂိုလ် (၂၃၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် နစကဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ်တွေ့ဆုံဆွေးနွေးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Photo credit – TAI FREEDOM


LEAVE A REPLY

Please enter your comment!
Please enter your name here