မကာအိုတွင် စီးပွားရေးလုပ်ငန်းများအား ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပေး

0
262

မကာအိုတွင် စီးပွားရေးလုပ်ငန်းများအား ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပေး

ဟောင်ကောင်၊ ဩဂုတ် ၁ ရက်

ကမ္ဘာ့အကြီးဆုံး လောင်းကစားစင်တာ မကာအို၌ ကိုးရက်ဆက်တိုက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအသစ်များ မတွေ့ရှိရသောကြောင့် အင်္ဂါနေ့မှစတင်ကာ အများပြည်သူဝန်ဆောင်မှုများနှင့် ဖျော်ဖြေ‌ေရးဆိုင်ရာ အဆောက်အအုံများကို ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စားသောက်ဆိုင်များတွင်လည်း စားသောက်ခွင့်ပြု သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အလှပြင်ဆိုင်များ၊ ကိုယ်ကာယကြံ့ခိုင်ရေးစင်တာများနှင့် အရက်ဘားများကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များက ဒေသတွင်း၌ပြည်သူများအပြင်ထွက်သည့်အခါ နှာခေါင်းစည်းများ တပ်ဆင်ရမည်ဖြစ်ပြီး ပွဲကျင်းပရာ နေရာများသို့ ဝင်ရောက်သည့်အခါ သုံးရက်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်း မရှိကြောင်း အ‌ထောက်အထားပြရမည် ဆိုသည်။

မကာအိုသည် ဇွန်လလယ် နောက်ပိုင်း ကူးစက်ခံရသူပေါင်း 1,800 ရှိလာသဖြင့် ကာစီနိုများကို ပိတ်ခိုင်းခဲ့ကာ မြို့၏ နေရာအများစုကိုလည်း လော့ဒေါင်းချခဲ့သည်။

ထိုအချိန်သည် မကာအို၏ ပထမဆုံးအကြိမ်အဖြစ် ကူးစက်မြန် အိုမီခရွန် အမျိုးအစားများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

မကာအိုရှိ ကာစီနိုလောင်းကစားရုံများကိုမူ အာဏာပိုင်များက တင်းကြပ်ထားသည့် စည်းကမ်းချက်များကို ဖြေလျှော့ပေးသောကြောင့် ဇူလိုင် ၂၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မကာအို၌ နေထိုင်သူ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော်လည်း အာဏာပိုင်များသည် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝပပျောက်ရေး မူဝါဒအတိုင်း အသေအချာ လိုက်နာ ဆောင်ရွက်လျက်ရှိသည်။

မကာအို၌ ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ထားသော်လည်း တင်းကျပ်ထားသည့် ကန့်သက်ချက်များ ကျန်ရှိနေသေးသောကြောင့် အနည်းဆုံး ရက်သတ္တပတ်အနည်းငယ်ကြာမှသာ လုပ်ငန်းများ သေချာစွာ ပြန်လည် လည်ပတ်နိုင်ဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here