နယ်မြေတည်တံ့ခိုင်မြဲရေး ကာကွယ်ပေးနိုင်ကြောင်း တရုတ်လေတပ်ဆို

0
225

နယ်မြေတည်တံ့ခိုင်မြဲရေး ကာကွယ်ပေးနိုင်ကြောင်း တရုတ်လေတပ်ဆို

ပေကျင်း၊ဇူလိုင် ၃၁

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်နေချိန်တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲ‌ရေးကို ပြတ်ပြတ်သားသား အကာအကွယ်ပေးမည်” ဟု တရုတ်လေတပ်ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ကိုရည်ညွှန်းပြီး ဇူလိုင် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

လေတပ် ပြောရေးဆိုခွင့်ရှိသူ Shen Jinke ကလေတပ်တွင် “ကျွန်ုပ်တို့အမိမြေ၏ အဖိုးတန်ကျွန်း” ကို လှည့်ပတ်နိုင်သည့် တိုက်လေယာဉ်အမျိုးအစားများစွာ ရှိကြောင်း စစ်တပ်လေကြောင်း ပြပွဲတွင်နိုင်ငံပိုင် မီဒီယာမှတစ်ဆင့်ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက သူ၏အာရှခရီးစဉ်ကို သောကြာနေ့၌ စတင်မည်ဟုဆိုခဲ့သည်။ ထိုင်ဝမ်သို့သွားမည်ဟု မပြောခဲ့သော်လည်း မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဟု ထင်ကြေးပေးမှုများ ပြားလာပြီး ထိုင်ဝမ်ရေလက်ကြား အရေးကို တင်းမာစေခဲ့သည်။

ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကို တရုတ်၏ပြည်နယ်တစ်ခုအဖြစ် ပေကျင်းက အခိုင်အမာဆိုသည်။

တရုတ်သမ္မတရှီက ကန်သမ္မတအား ထိုင်ဝမ်အရေးဝင်မပါစေလိုကြောင်း နှင့် ဝင်ရောက်စွက်ဖက်ခြင်းသည် မီးနှင့်ကစားနေခြင်းဖြစ်ပြီး “မီးနှင့်ကစားသူများဟာ မီးကြောင့်သာဆုံးရှုံးရလိမ့်မည်” ဟု ကြာသပတေးနေ့ကဖုန်းဖြင့်ပြောကြားရာတွင် သတိပေးခဲ့သည်။

Shen ကလည်း “လေတပ်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲ‌ရေးကို ကာကွယ်ရန်ယုံကြည်မှုအပြည့်နှင့်ခိုင်မာသောဆန္ဒလည်းရှိသည်” ဟုပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby ကမူ “ထိုင်ဝမ်အားထိပါးနိုင်သည့် တရုတ်စစ်တပ်၏ လှုပ်ရှားမှုမျိုးကို အမေရိကမှမတွေ့မြင်ခဲ့ရပါဘူး”ဟု သောကြာနေ့ကပြောခဲ့သည်။

Source – Reuters/ vc


LEAVE A REPLY

Please enter your comment!
Please enter your name here