မုဒုံမြို့နယ်တွင် ကုန်တင်ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး

0
420

မုဒုံမြို့နယ်တွင် ကုန်တင်ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊အဘစ်ကျေးရွာတွင် သြဂုတ် ၁ ရက်(ယနေ့)နံနက်ပိုင်းက ကုန်တင်ကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ်တောင်ပိုင်းလူမှုကူညီကယ်ဆယ်ရေးကွန်ယက်မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က အဘစ်ကျေး ရွာ၏ မော်-သံလမ်းမကြီး၏ ဝင်ဖနုံဆည် မြောင်းကြီးအဝင်လမ်းအနီးတွင် ကုန်တင်ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း သတင်းအရ လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

အခင်းဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားသည် ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် အ ခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အ လောင်းအား ကမာဝက်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။

ထို့နောက် ဆရာဝန်၏ဆေးစစ်ချက်ပြုလုပ်ပြီးနောက် ရုပ်အလောင်းအား နှီးပဒေါကျေးရွာသု သာန်သို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မုဒုံမြို့နယ်တောင်ပိုင်းလူမှုကူညီကယ်ဆယ်ရေးကွန်ယက်

 


LEAVE A REPLY

Please enter your comment!
Please enter your name here