Friday, November 29, 2024

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ စားသောက်ကုန်များ တင်သွင်းခွင့်ပြုမည်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖို‌ချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း...

ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုံးပြီးနောက် မြန်မာအသင်း...

ယခု နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင် သတ်မှတ်ချက်၌ မြန်မာ့လက်ရွေးစင်အသင်းသည် အဆင့်နှစ်ဆင့်ထပ်ကျကာ ကမ္ဘာ့အဆင့် (၁၆၇) တွင် ရှိနေသည်။ မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း...

(၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ (၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့သည်။ အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်‌သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊...

မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ၏ ၂၀၂၅-၂၀၂၇...

မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း MRF -Young Entrepreneurs Society ၏ ၂၀၂၄ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၂၅-၂၀၂၇ သက်တမ်းကာလ ကော်မတီအဆင့်ဆင့် ရွေးချယ်ပွဲအခမ်းအနားကို...
HomeNewsLocal NewsMEODA က ကြီးကြပ်၍...

MEODA က ကြီးကြပ်၍ စားအုန်းဆီတစ်ပိသာ ၃၇၀၀ ကျပ်ဖြင့် ရန်ကုန်မြို့အတွင်း ရွေလျားစနစ်ဖြင့် ရောင်းချပေး

MEODA က ကြီးကြပ်၍ စားအုန်းဆီတစ်ပိသာ ၃၇၀၀ ကျပ်ဖြင့် ရန်ကုန်မြို့အတွင်း ရွေလျားစနစ်ဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်များမှ ယနေ့ သြဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ မြို့နယ်များအတွင် ရွေ့လျားစနစ်ဖြင့် စားသုံးဆီလိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင်မြို့နယ်များအတွင်းရှိ စားသုံးသူပြည်သူများ သက်သာချောင်ချိစေရန်ရည်ရွယ်၍ စားအုန်းဆီတစ်ပိသာလျှင် ၃၇၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ယခင်ရက်များက MEODA၏ ကြီးကြပ်မှုဖြင့် အခြားမြို့နယ်များအတွင်း ရွေ့လျားစနစ်ဖြင့် ရောင်းချပေးရာတွင် စားအုန်းဆီတစ်ပိသာလျှင် ၃၈၀၀ကျပ်ဖြင့်ရောင်းချပေးနေရာမှာ ယနေ့တွင် ကျပ် ၁၀၀ လျော့ချ၍ ၃၇၀၀ကျပ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်သည်။
ယနေ့တွင် MEODA ၏ကြီးကြပ်မှုဖြင့် ဆီလုပ်ငန်းရှင်တို့ပူးပေါင်း၍ အင်းစိန်၊ လှိုင်သာယာ၊ ကမာရွတ်၊ မရမ်းကုန်း၊ သာကေတနှင့်ရွှေပြည်သာမြို့နယ်များတွင် ရွေ့လျားစနစ်ဖြင့် လိုက်ခံရောင်းချပေးနေခြင်းဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း စားအုန်းဆီစျေးအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအပါအဝင် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်ချက်များပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ စားသောက်ကုန်များ တင်သွင်းခွင့်ပြုမည်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှ ယခုလ ၃၀ ရက်နေ့မှစ၍ ဒေသတွင်း စားသောက်ကုန်များဖြစ်သည့် မီးဖို‌ချောင်သုံး အသီးအနှံနှင့် သားငါးများကို ယာယီတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်မြို့ကုန်သည်ကြီးများအသင်း ထံမှ သိရသည်။ ထိုသို့ ဒေသတွင်းစားသောက်ကုန်များအတွက် ယာယီတင်သွင်းခွင့်ပြုရာ၌ တစ်ရက်လျှင် မော်တော်ယာဉ်အစီး (၅၀) နှင့် ဆိုင်ကယ် အစီး(၂၀၀)တို့အား သယ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ " တင်သွင်းခွင့်ပြုတာကိုပဲ ကျေးဇူးတင်ပါတယ်။ တင်သွင်းခွင့်မပြုရင် အသီးတွေက ပုတ်ကုန်တော့မှာ။ အခုဆို တရုတ်ဘက်က အအေးခန်းတွေမှာ ရက်ကြေးပေးပြီး လှောင်ထားရတာ"ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။ ယင်းအတွက် နိုဝင်ဘာ (၂၈)ရက်နှင့်...

ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုံးပြီးနောက် မြန်မာအသင်း ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်ကျ

ယခု နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင် သတ်မှတ်ချက်၌ မြန်မာ့လက်ရွေးစင်အသင်းသည် အဆင့်နှစ်ဆင့်ထပ်ကျကာ ကမ္ဘာ့အဆင့် (၁၆၇) တွင် ရှိနေသည်။ မြန်မာအသင်းသည် နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ၌ စင်ကာပူနှင့် လက်ဘနွန် နှစ်သင်းလုံးကို (၃) ဂို (၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလအတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့် အမျိုးသားလက်ရွေးစင်အသင်း သတ်မှတ်ချက်များအရ အာဆီယံဒေသအတွင်း ထိုင်းလက်ရွေးစင်အသင်းက အာဆီယံနံပါတ်တစ်အဖြစ် ဦးဆောင်နေသည်။ လက်တလောတွင် ခြေစွမ်းပိုမိုမြင့်မားလာသည့် အင်ဒိုနီးရှားက အဆင့်ငါးဆင့်မြင့်တက်ခဲ့ပြီး အာဆီယံ၏ နံပတ်သုံးနေရာတွင် ရပ်တည်နေပြီး ဗီယက်နမ်သည်လည်း...

(၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့

ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ (၇)ကြိမ်မြောက် CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့သည်။ အခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်‌သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဝန်ကြီး ဒေါက်တာ ‌ဒေါ်သက်သက်ခိုင်မှ တက်ရောက်ကာ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ "အခုလုပ်တဲ့ CLMV ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ၊ ဗီယက်နမ် နဲ့ ACMECS ဧရာဝတီမြစ် ကျောက်ဖရားမြစ် မဲခေါင်မြစ် စီးဆင်းတဲ့စီးဆင်းတဲ့နိုင်ငံဆိုတော့ ၅ နိုင်ငံဖြစ်သွားတယ်။ CLMV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071