မြင်းမူမြို့နယ်တွင် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး၊ PDF အဖွဲ့ဝင်အချို့ သေဆုံးကာ ရွာသား ၁၀၀ ကျော်ထိန်းသိမ်းခံရ

0
376

မြင်းမူမြို့နယ်တွင် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး၊ PDF အဖွဲ့ဝင်အချို့ သေဆုံးကာ ရွာသား ၁၀၀ ကျော်ထိန်းသိမ်းခံရ

စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာအနီးရှိ PDF အဖွဲ့တစ်ဖွဲ့၏ စခန်းတစ်ခုကို ဩဂုတ်လ (၁)ရက် နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ PDF အဖွဲ့မှ (၅) ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့် လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးရမိကြောင်း နစက က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ၌ PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသဖြင့် စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်ထိတွေ့မှု ဖြစ်ပွားပြီး PDF အဖွဲ့မှအ လောင်း (၅) လောင်း၊ လက်လုပ်သေနတ် (၄)လက်၊ လက် လုပ်လက်ပစ်ဗုံး (၄) လုံး၊ ခဲယမ်းအချို့နှင့် လိုင်စင်မဲ့မော် တော်ယာဉ် (၂) စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာပတ် ဝန်းကျင်တစ်ဝိုက် အသေးစိတ် စစ်ဆေးခဲ့ရာ ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာတွင် PDFအဖွဲ့များ အခြေပြုနေထိုင်ခဲ့သည့် စခန်း (၁) ခုကို တွေ့ရှိခဲ့ရပြီး ၎င်းစခန်းအတွင်းမှ လက်လုပ်သေနတ် (၁၃) လက်၊ လက်လုပ်စိန်ပြောင်း (၄) လက်၊ ကျည်မျိုးစုံ (၁၄၀၀) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၇) လုံး၊ (၄၀) မမဗုံးသီး (၂) လုံး၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း နစကက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဒရုန်းယာဉ် (၁) စီး၊ လမ်းလျှောက်စကားပြောစက် (၈) လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် (၄) စီး၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၃၀) စီး၊ လူနေတဲ (၉) လုံး၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများလည်း အဆိုပါ ဖမ်းဆီးမှုတွင် သိမ်းဆည်းရမိခဲ့‌ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီမှုတွင် လက်ပံကျင်း ကျေးရွာအတွင်းမှ အ မျိုးသား (၄၀) ဦး၊ အမျိုးသမီး (၇၃) ဦးကို စစ်တပ်က ထိန်းသိမ်းကာ လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း နစကက သတင်းထုတ်ပြန်သည်။

လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက ကျေးရွာတွင် နေထိုင်ပြီး PDF အဖွဲ့နှင့် ပတ်သက်မှုမရှိသူများကို ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြော င်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here