ငြိမ်းချမ်းသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြစ်ကြောင်း SSPP/SSA ပြောကြား

0
260

ငြိမ်းချမ်းသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြစ်ကြောင်း SSPP/SSA ပြောကြား

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ငြိမ်းချမ်းသောပြည်ထောင်စုတည်ဆောက်ရေးအတွက် တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရခြင်းဖြစ်ကြောင်း SSPP/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောကြားသည်။

“ငြိမ်းငြိမ်းချမ်းချမ်းပြည်ထောင်စုတည်ဆောက်ချင်တဲ့အတွက် ဆွေးနွေးမှုပြုလုပ်တာပါ။ ဆွေးနွေးမှုမပြုခင် ဘာတွေဆွေးနွေးသွားမလည်းဆိုတာကတော့ပြောဖို့အဆင်မပြေသေးဘူး။ ဖိတ်ခေါ်သူတွေရဲ့ဆွေးနွေးမှုခေါင်းစဥ်အပေါ်မှာဘဲ ဆွေးနွေးသွားရမှာပါ”ဟု ဆိုသည်။

တပ်မတော်နှင့် ဆွေးနွေးရန် SSPP ဘက်မှ ဒုဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး ခေးတိုင်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်ချုပ် ခွန်ဆိုင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးခန့်သည် ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က အတည်ပြုပြောကြားသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် SSPP ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၄ ရက်(မနက်ဖြန်)တွင် နစက ဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကနဦး စတင်ဆွေးနွေးမည်ဖြစ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်လည်းတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်ရက်ပိုင်းက တပ်မတော်နှင့် SSPP/SSAတို့သည် စစ်ရေးတင်းမာသည့်အခြေအနေမျိုးရှိခဲ့ရာမှ လက်ရှိတွင် ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်သို့ တဆင့်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here