အမရပူရမြို့နယ်တွင် ယာဥ်စစ်ဆေးရေးအဖွဲ့အား ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရ၍ ၂ ဦးထိခိုက်ဒဏ်ရာရ

0
212

အမရပူရမြို့နယ်တွင် ယာဥ်စစ်ဆေးရေးအဖွဲ့အား ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံရ၍ ၂ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်ရှိ စစ်ကိုင်း-မန္တ လေးသွားကမ်းနားလမ်းတွင် ယာဥ်စစ်ဆေးမှုများပြုလုပ်နေသည့် ယာဥ်လုပ်ငန်းကြီးကြပ်ရေးကော် မတီအဖွဲ့သည် သြဂုတ် ၄ ရက်(ယနေ့)နံနက်ပိုင်းက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကိုင်း-မန္တလေးသွားကမ်းနားလမ်းပေါ်ရှိ လမ်းလယ်ကျွန်း၌ ကုန်တင်ကားများနှင့်ဖြတ်သန်းသွားလာနေသည့် ကားများအား ယာဥ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့က စစ်ဆေးမှုများပြုလုပ်စဥ် စစ်ဆေးသည့်နေရာနှင့် ပေ ၂၀ ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ချိန်ကိုက်မိုင်းပေါက်ကွဲမှုကြောင့် ယာဥ်စစ်အဖွဲ့မှ ဦးကိုကိုအောင်(၂၂)နှစ်နှင့်ဦးညွှန့်ဝင်း(၅၆)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဥ်စစ်အဖွဲ့အား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုအား No More Dictatorship အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထွက်ပေါ်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာထွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here