မစ္စနန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်-အမေရိကန်ပူးတွဲတရားဝင် ထုတ်ပြန်ချက် သုံးချက်ကို အလေးထားသင့်ကြောင်း USDP ပါတီ ထုတ်ပြန်

0
307

မစ္စနန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်-အမေရိကန်ပူးတွဲတရားဝင် ထုတ်ပြန်ချက် သုံးချက်ကို အလေးထားသင့်ကြောင်း USDP ပါတီ ထုတ်ပြန်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်-အမေရိကန် ပူးတွဲတရားဝင်ထုတ်ပြန်ချက် သုံးချက်ကို အလေးထားသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ် ၅ရက် (ယနေ့) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့တွင် ယင်းပါတီက မစ္စနန်စီပလိုစီ ထိုင်ဝမ်(တရုတ်- တိုင်ပေ)သို့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍သဘောထားထုတ်ပြန်ချက် အမှတ်စဉ် ၂/၂၀၂၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မစ္စနန်စီပလိုစီအနေဖြင့် တရုတ်နိုင်ငံ၏ကန့်ကွက်ပြောဆိုမှုများကို လစ်လျူရှုပြီး ထိုင်ဝမ်သို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ကြောင်းနှင့် ၎င်းခရီးစဉ်သည် အငြင်းပွားမှု ဖြစ်ပွားနေသော ထိုင်ဝမ်ဒေသကို အခြေပြုထားခြင်းကြောင့် တင်းမာမှုများ ကျယ်ပြန့်လာစေပြီး ထိပ်တိုက်ရင်ဆိုင်မှုများမှတဆင့် အာရှပစိဖိတ်ဒေသအတွင်း ပြည်သူများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း၏ မူဝါဒနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လစ်လျုရှုသည်ဟု ရှုမြင်ကြောင်း၊ တရုတ်- အမေရိကန် ငြိမ်းချမ်းစွာတည်ရှိမှုအတွက် ထိန်းကျောင်း သော တရုတ်-အမေရိကန် ပူးတွဲတရားဝင်ထုတ်ပြန်ချက် သုံးချက်ကို အလေးထားသင့်ကြောင်း နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ၊ ညှိနှိုင်းဆွေးနွေး မှုများဖြင့် တင်းမာမှုလျှော့နည်းစေရေးဆောင်ရွက်သွားသင့်ကြောင်း သဘောထားထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here