NSPNCနှင့် SSPPတို့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဥ်များအတွက် တွေ့ဆုံဆွေးနွေး

0
272

NSPNCနှင့် SSPPတို့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဥ်များအတွက် တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း၊ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြကာ ဆွေးနွေးပွဲပထမနေ့ကို ရပ်နားလိုက်သည်။

ဒုတိယနေ့ဆွေးနွေးပွဲကို ဩဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here