ဓာတ်ကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ် ကိုင်းများအား ၂ ရက်ဆက်တိုက်ရှင်းလင်းမည်ဖြစ်၍ ရန်ကုန်တိုင်းရှိ နေရာ ၁၂ ခုတွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
145

ဓာတ်ကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ် ကိုင်းများအား ၂ ရက်ဆက်တိုက်ရှင်းလင်းမည်ဖြစ်၍ ရန်ကုန်တိုင်းရှိ နေရာ ၁၂ ခုတွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် လျှပ်စစ်ဓာတ်ကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခုတ်ထွင်ရှင်းလင်းရာတွင် သြဂုတ် ၆ ရက်၌ ရန်ကုန်တောင်ပိုင်းခရိုင်လျှပ်စစ်ဝန်ထမ်းများက 33kV ကနောင်-ခနောင်တို ဓာတ်အားလိုင်း၊ 33kV လှိုင်သာယာ-ကွမ်းခြံကုန်းဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား နံနက် ၁၀ နာရီမှမွန်းလွဲ ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့ ပြုလုပ်စဥ် ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ အေးရွာ၊ လှိုင်သာယာမြို့နယ်များ၏နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တေက်မည်ဟု YESC မှအသိပေးခဲ့သည်။

အလားတူ သြဂုတ် ၇ ရက်နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိတွင်လည်း 33kV လှော်ကား -(Ba+Bb)ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်သည်။

ထိုသို့ ပြုလုပ်စဥ် အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ မြို့နယ်များ၏ နေရာအချို့တွင်လည်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဟု YESC မှအသိပေးခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်စဥ် အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC မှအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here