သရက်ချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
187

သရက်ချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ရေချိုချောင်းကျေးရွာနေ ဦးမျိုးအောင်(၅၀)နှစ်ကျော်ခန့်သည် သြဂုတ် ၅ ရက်မွန်းတည့်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က အမည်မသိအမျိုးသားများမှ ဦးမျိုးအောင်၏နေအိမ်သို့ရောက်ရှိလာကာ ခြံဝင်းအတွင်း၌ရှိနေသည့် ဦးမျိုးအောင်အား သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် သရက်ချောင်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဦးမျိုးအောင်သည် လုံခြုံရေးအဖွဲ့ဝင်များအား သတင်းပေးမှုများပြုလုပ်နေသဖြင့် ပုတီးတစ်လုံးပြောက်ကျားအဖွဲ့နှင့်ကျားရိုင်းပြောက်ကျားအဖွဲ့တို့ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here