မြစ်ကြီးနားတွင် နယ်မြေရဲစခန်းအနီးရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲတစ်ဦး သေဆုံး

0
185

မြစ်ကြီးနားတွင် နယ်မြေရဲစခန်းအနီးရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နယ်မြေရဲစခန်းအနီးရှိ စစ်ဆေးရေးဂိတ်အားလက်နက်ကိုင်တွေမှ ဝိုင်းဝန်း ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် (၁) ဦး သေ‌ ဆုံးခဲ့ကြောင်း သိရသည်။

ပလန နယ်မြေရဲစခန်း အနီးမှ စစ်ဆေးရေးဂိတ်အား ယ နေ့ နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ (၆) ရက် နံနက် (၆) နာရီဝန်းကျင်တွင် ပလန နယ်မြေရဲစခန်းအပြင်ရှိ စစ်ဆေးရေးဂိတ် စခန်းကို လက်နက်ကိုင်အဖွဲ့များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ် (၃) စီးနဲ့ လူခြောက်ယောက်လောက်က လာပြီးပစ်တာ။ အပြန်အလှန်တွေ ပစ်ကြပြီး ရဲတစ်ယောက်သေသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

သေဆုံးသူမှာ ပလန ရဲစခန်းမှ ရဲတပ်ကြပ်အဆင့်ရှိသူ ဖြစ်ပြီး သေဆုံးသူ ရဲတပ်ကြပ်၏ သေနတ်ကို လာရောက်ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here