မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်အား သြဂုတ် ၁ ရက်မှစတင်၍ တစ်ပတ် ၆ ရက်ဖြင့်ကုန် သွယ်မှုပြန်လည်ပြုလုပ်နိုင်ပြီဖြစ်

0
135

မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်အား သြဂုတ် ၁ ရက်မှစတင်၍ တစ်ပတ် ၆ ရက်ဖြင့်ကုန် သွယ်မှုပြန်လည်ပြုလုပ်နိုင်ပြီဖြစ်

 

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်အား သြဂုတ် ၁ ရက်မှစတင်၍ ပြန်ဖွင့်လှစ်ခဲ့ပြီးနောက် ပို့ကုန်၊သွင်းကုန်လုပ်ငန်းများကို ပုံမှန်အတိုင်းပြန်လည်ခွင့်ပြုလုပ်ကိုင်လျက်ရှိကြောင်း မောတောင်နယ်စပ်ကုန် သွယ်ရေးဇုန်မှ သိရသည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန်အား ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ကုန်သွယ်မှုများကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာမှထွေထွေထူးထူးမရှိပါဘူး မပိတ်ခင်တုန်းကအနေအထားကိုပဲ တစ်ရက်ပဲပိုတိုးလာတာပါ ကျန်တာအပြောင်းအလဲမရှိပါဘူး ပုံမှန်အတိုင်းပဲ အရင်တုန်းကပို့ကုန်တွေပဲပို့လို့ရမယ် ကန့်သတ်ထားတဲ့ဟာတွေလည်း ပုံမှန်အတိုင်းပဲကန့်သတ်ထားတယ်”ဟု မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ရာတွင် ယခင်က တစ်ပတ် ၅ ရက်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါတွင် စနေနေ့ကိုပါ ထပ်မံဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုများအဆင်ပြေစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ဖက်က လုံခြုံရေးအရမပိတ်ခင်တုန်းက အနေအထားအတိုင်းကိုပဲပြန်လက်ခံပေးမယ် သူတို့ကတော့ကန့်သတ်ထားတဲ့ ဟာကိုလျော့ပေးမှာမဟုတ်ဘူး ပုံမှန်သွားနေတဲ့ဟာထက် ပိုပြီးတော့လည်းလက်ခံမှာမဟုတ်ဘူး ထိုင်းဘက်ကတစ်ရက် ပိုဖွင့်ပေးတာပဲရှိပါတယ်”ဟု မောတောင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခု မောတောင်နယ်စပ်ဂိတ်အားပြန်လည်ဖွင့်လှစ်လျက်ရှိရာတွင်လည်း ကိုဗစ်(၁၉)ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကန့်သတ်ထားသည့် ကုန်စည်များကို ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here