JLPT က ယခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်များအား ထုတ်ပြန်ကြေညာ

0
169

JLPT က ယခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်များအား ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ စာမေးပွဲကျင်းပရေးကော်မတီ(JLPT)က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာအရေအတွက်များအား ယနေ့ သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်စာဖြေဌာနအတွက် N3 Level ၊ N4 Levelနှင့် N5 Level ကျောင်းသားများအတွက် လက်ခံ/ရောင်းချပြီးသည့် စုစုပေါင်းအရေအတွက်သည် ၂၅၈၆၈ ဦးရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။


ယင်းအရေအတွက် အနက်၂၀၂၂ခုနှစ် ဇူလိုင်လ စာမေးပွဲတွင် Online form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့သည့်ကျောင်းသား၊ သူများအတွက် ဉီးစားပေး လက်ခံပြီးသော အရေအတွက် သည် N3 Level  ၉၉၉ ဦး၊ N4 Level ၂၀၈၄ ဦးတို့ဖြစ်ပြီး၊ ကျောင်းများသို့ရောင်းချပြီးသည့်အရေအတွက် သည် ၁၈၀၃၅ ဦးတို့ဖြစ်ကြောင်းသိရသည်။

ယင်းသည် ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်းရောင်းချရန် စီစဉ်ထားသော အရေအတွက်၏ တဝက်ခန့်ဖြစ်ပြီး၊ တစ်ဦးချင်း (N5Level) အတွက် ရောင်းချပြီးသည့်အရေအတွက်  ၄၇၅၀ ဦးရှိကြောင်းသိရသည်။


အလားတူ မန္တလေးစာဖြေဌာနအတွက် တစ်ဉီးချင်း Level အလိုက်ရောင်းချပြီးသည့် အရေအတွက်များသည် N1 Level  ၁၀၀ ဉီး ၊ N2 Level  ၃၀၀ ဉီး၊ N3 Level  ၅၅၆ ဦးဖြစ်သောကြောင့် စုစုပေါင်း ရောင်းချပြီးသည့် အရေအတွက်သည် ၉၅၆ ဦး ရှိကြောင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော သြဂုတ် ၅ရက်နေ့မှစ၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ Level အားလုံးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို မပြုလုပ်တော့ဘဲ ကျန်ရှိသော စာမေးပွဲလျှောက်ထားခြင်းအတွက် Online စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စာမေးပွဲကျင်းပရေးကော်မတီက Online စနစ်ဖြင့် လက်ခံသွားမည့်အရေအတွက်မှာ ကနဉီးလျာထားသည့် စာမေးပွဲဖြေဆိုသူအရေအတွက်ထက် တိုးမြှင့်နိုင်ရန် ညှိနှိုင်းလျက်ရှိပြီး၊ မကြာမီရက်အတွင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ – JLPT ဖောင်ဖြည့်နေကြသော ကျောင်းသားများ

Photo Credit

 


LEAVE A REPLY

Please enter your comment!
Please enter your name here