မြန်အောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၌ ရေတင်မော်တာအပူလွန်မီးလောင်၍ ကိုရင် ၂ ပါးအပါအဝင် ၄ ဦးသေဆုံး

0
259

မြန်အောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၌ ရေတင်မော်တာအပူလွန်မီးလောင်၍ ကိုရင် ၂ ပါးအပါအဝင် ၄ ဦးသေဆုံး

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊ဝက်တိုကျေး ရွာအုပ်စု၊ရေတွင်းကုန်းကျေးရွာရှိ ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်း၌ သြဂုတ် ၅ ရက်ည ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့်မြန်အောင်မြို့နယ်အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ၂ ထပ်ကျောင်းဆောင်၌ ရေတင်သည့်မော်တာအပူလွန်ကဲရာမှတဆင့် အနီးရှိ မီးစက်နှင့်ပလပ်စတစ်ထိုင်ခုံများအား မီးကူးစက်လောင်ကျွမ်းပြီးနောက် ဘုန်းတော်ကြီးကျောင်းပါထပ်မံ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးကူးစက်လောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းသည် အလျား ၈၀ ပေ၊ အနံ ၅၀ ပေရှိ သွပ်မိုး၊ပျဉ်ထောင်၊ပျဉ်ခင်း ၂ ထပ်ကျောင်း ဆောင်ဖြစ်၍ ကျောင်းဆောင်ပေါ်ရှိ အရှင်ပညာဘိဝေသ (၁၃)နှစ်၊ ရှင်ဇဝန(၁၀)နှစ်နှင့်ဘုန်းကြီး ကျောင်းသားများဖြစ်သည့် မောင်မိုးသက်နိုင် (၅)နှစ်၊မောင်ကျော်ကျော်(၁၇)နှစ်တို့မှာ မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သတင်းရရခြင်းသွားပြီး ငြိမ်းသတ်ခဲ့ပေမယ့် ကိုရင်လေးတွေနဲ့ဘုန်းကြီး ကျောင်းသားလေးတွေကို မကယ်တင်လိုက်နိုင်ခဲ့ပါဘူး”ဟု မြန်အောင်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား ကနောင်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် ၁ နာရီ ၂၀ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်မှ ရေတွင်းကုန်းကျောင်းဆရာတော်အား ကနောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ- ၂၈၅/၃၀၄(က)ဖြင် အမှုဖွင့်ထားကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here