အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း ဒုတိယမြောက်ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးရရှိ

0
122

အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အား ကစားပြိုင်ပွဲ၌ မြန်မာတက္ကသိုလ်အသင်း ဒုတိယမြောက်ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးရရှိ

ထိုင်းနိုင်ငံ၊အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်ကစတင်၍ ကျင်းပလျက်ရှိသည့် အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာက္ကသိုလ်အသင်းသည် ဝူရှူးအားကစားနည်းမှ ဒုတိယမြောက်ရွှေတံဆိပ်ဆုအား ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယမြောက် ရွှေတံဆိပ်ဆုအား သြဂုတ် ၆ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ အမျိုးသမီး နန်းသောင်းပြိုင်ပွဲတွင် မအေးသစ္စာမြင့်က ရမှတ် ၉ ဒသမ ၆၉ မှတ်ဖြင့် ပထမရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

မအေးသစ္စာမြင့်သည် ဒဂုံတက္ကသိုလ်၌ တက်ရောက်နေသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ ဝူရှူးအားကစားနည်း ၄ မျိုးအားဝင်ရောက်ယှဥ်ပြိုင်လျက်ရှိရာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ် အားက စားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ်အသင်းသည် ဘောလုံး၊ပိုက်ကျော်ခြင်း၊မြားပစ်နှင့်ဝူရှူးအားကစားနည်း ၄ မျိုး၌ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here