မကွေးမြို့တွင် ခရီးသည်တင်ကားနှင့်စစ်ကားတို့တိုက်မိ၍ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ

0
203

မကွေးမြို့တွင် ခရီးသည်တင်ကားနှင့်စစ်ကားတို့တိုက်မိ၍ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊မကွေးမြို့ရှိ မကွေး-ရေနံချောင်းသွားကားလမ်း၏ မြို့ရှောင်လမ်းဆုံတွင် သြဂုတ် ၆ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

မကွေး-ရေနံချောင်းသွားကားလမ်း၏ မြို့ရှောင်လမ်းဆုံတွင် အဝေးပြေးခရီးသည်တင်ကားနှင့်စစ်ကားတို့တိုက်မိကာ သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့ရှိကြောင်း သတင်းအရ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း၊မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းနှင့်ရွှေကြာလူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး စစ်ကားမောင်းနှင်လာသူတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသည့် အဝေးပြေးခရီး သည်တင်ကားမောင်းသူ၏ ရုပ်အလောင်းအား မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းကားဖြင့် ရေနံချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထို့အတူ ထိခိုက်ဒဏ်ရာရရှိသွားသူအား အခင်း ဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပြီးနောက် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကားဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကား ၂ စီးလုံးက ကားမောင်းတဲ့လူတွေပဲပါတာ ခရီးသည်တင်ကားမှာလည်း ခရီးသည်တွေမပါ လာဘူး ဘယ်လိုတိုက်မိတယ်ဆိုတာတော့ ကျွန် တော်တို့လည်းသေချာမသိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here