NLD ပါတီကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်စေချင်ကြောင်း ဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပြော

0
372

NLD ပါတီကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်စေချင်ကြောင်း ဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု ပြော

၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါတီအားလုံး ပါဝင်စေချင်ကြောင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD ) ကိုလည်း အဆိုပါရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်စေချင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။

နိုင်ငံတော် အကြီးအကဲဟောင်း တစ်ဦး၏ သမီးလည်းဖြစ်ပြီး ​ဒေါ်​အောင်ဆန်းစုကြည်နှင့်လည်းရင်းနှီးသူဖြစ်ကာ ဒီမိုကရက်တစ်(မြန်မာ) ပါတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည့် ဒေါ်သန်းသန်းနုနှင့် ပေါ်ပြူလာနယူး(စ်) ၏ သီး သန့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

” သူတို့က ပါတီကြီး တစ်ခုလည်း ဖြစ်တယ်ပေါ့်နော်။ လူ အများစုကလည်း လက်ခံတဲ့ ပါတီဆို​တော့ ကျွန်မကပါစေချင်ပါတယ်။ ပြည်သူတွေကလည်း အဲဒါဆိုရင်တော့ လက်ခံမှာပါပဲ။ သဘောကျမှာပါပဲ ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက အစိုးရသည် လာမည့် ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး​နောက် အာဏာလွှဲပေးမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

ယင်းသို့ ပြောဆိုထားသော်လည်း NLD ပါတီအနေဖြင့် နစက က ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိသည်။

နစက၏ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ရွေး ကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပရန် စီစဉ်မှုများ ရှိနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းမှာ အတိုက်အခံပါတီ တစ်ခုခုမှ မဲအပြတ်အသတ်ရကာ အနိုင်ရမည်ကို စိုးရိမ်သည့် အ တွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း အတိုက်အ ခံပါတီအချို့က ဝေဖန်မှုများ ရှိနေသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ယခုကဲ့သို့ PR စနစ် ကျင့်သုံးရခြင်းမှာ တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ လွှတ်တော်အတွင်း ဝင်ရောက်လာနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းပြောကြားထားသည်။

” PR စနစ်သွားမယ်ဆိုရင်တော့ အကုန်လုံးက သဘောတူတယ်ဆိုရင်တော့ ၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒီစနစ်သွားမယ်ဆိုတော့ ၊ ရွေးချယ်ပိုင်ခွင့်တောင် မရှိဘူး ထင်ပါတယ်။ အကုန်လုံးက လက်ခံရင်တော့ ဒီအတိုင်းပဲ သွားရမှာပေါ့ ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ပြည်ထောင်စု ရေရှည်တည်တံ့ရေး၊ နိုင်ငံတော်အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးတို့အတွက် ရွေးကောက်ပွဲ စနစ်ကို ယခင်ကျင့်သုံးသည့် နိုင်သူအကုန်ယူ စနစ်မကျင့်သုံးဘဲ အချိုး ကျ ခွဲဝေယူသည့် PR စနစ်သို့ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားထားသည်။

” ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲမှ ဖြစ်ပါမယ်။ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အ ပြင် အချိုးကျကိုယ်စားပြု စနစ်(PR-Proportional Representation)ကို ထည့်သွင်းဆောင်ရွက်ဖို့လိုကြောင်း တွေ့ရပါတယ်။ ဒီလိုပြင်ဆင်ရာမှာ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲ့လိုပြင်ဆင်နိုင်ရန် လုံလောက်တဲ့ အချိန်ရယူသွားရမှာပဲဖြစ်တယ်။ကျွန်တော် တို့ပြည်ထောင်စု ရေရှည်တည်တံ့ဖို့၊ နိုင်ငံတော်အဓွန့်ရှည်ကြာဖို့၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ် ငြိမ်းသွားဖို့ ဒီစနစ်ကို အကောင်အထည်ဖော် ရပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် အာဏာရ အင်အားကြီးပါတီဖြစ်သည့် NLD ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအပါအဝင် ၊ ပါတီ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟို ကော်မတီဝင်များကို စစ်တပ်က ဖမ်း ဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ထားပြီး ယင်းသို့ လုပ် ဆောင်ခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ် အငြင်းပွားမှုအပေါ် ဖြေရှင်း ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဟု နစက က အကြောင်း ပြချက် ပေးထားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) မြို့နယ်ရှိသည့်အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် (၃၂၅) မြို့နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် (၃၂၃) မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် (၃၁၅) မြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here