တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်

0
212

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ဩဂုတ်လ (၇) ရက် နံနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရသည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် အစည်းဝေး တစ်ခုသို့ တက်ရောက်ရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ကူမင်းမြို့သို့ သွားရောက်စဉ် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ဝမ်းနည်းကြောင်းစာလွှာရေးသားခြင်းအခမ်းအနား ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ဩဂုတ်(၉)ရက်မှ (၁၁) ရက်အထိ နံနက် (၁၀) နာရီမှ (၁၂) ရီအတွင်းနှင့် နေ့လည် (၂) နာရီမှ ညနေ (၄) နာရီအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာသံ ရုံးက သတင်း ထုတ်ပြန်ထားသည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံ ပေးအပ်၍ တာဝန် စတင် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်၊ မြန်မာသံရုံးများတွင် သံတမန်နှင့် ပါတ်သတ်သည့် ရာထူး အဆင့်ဆင့်၊ နိုင်ငံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ်ပူးတွဲ စစ်ဆေးခြင်းလုပ်ငန်းအား အကောင်အထည်‌ဖော်ရာတွင်လည်း မြန်မာ အစိုးရကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here