လက်ပံတန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
358

လက်ပံတန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊လက်ပံတန်းမြို့၊မြို့မရပ်ကွက်၏ ရပ် ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်း(၅၀)နှစ်ခန့်သည် သြဂုတ် ၈ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီကျော်တွင် အမည်မသိအမျိုး သားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းအား မြို့မရပ်ကွက်၏ ၃ လမ်းထိပ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမင်း၏ ဦးခေါင်းနှင့်ကျောပြင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ သွားနေတုန်း အပစ်ခံရတာပဲ။ သေပြီ အခုတော့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းသည် ဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများအား ဖမ်းဆီးစေခြင်း၊ သတင်းပေးခြင်းများပြုလုပ်ခဲ့သဖြင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ပံတန်းမြို့)မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

 ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here