ထိုင်း ဆိုက်​ရောက်ဗီဇာကို တလခန့်တိုး​ရန် TAT က အဆိုပြုမည်

0
215

ထိုင်း ဆိုက်​ရောက်ဗီဇာကို တလခန့်တိုး​ရန် TAT က အဆိုပြုမည်

TAT(Tourism Authority of Thailand) က ထိုင်း အစိုးရအား ခရီးသွားဗီဇာကို ရက် ၃၀ ကနေ ၄၅ ရက်အထိ တိုးမြှင့်​ပေးနိုင်ရန် အဆိုပြုမည်ဟုသိရသည်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင် Yuthasak Supasorn က တနင်္လာနေ့ကထိုသို့​ပြောကြားရာမှာနိုင်ငံတကာ ခရီးသည်များကို ဆွဲဆောင်ရန်အတွက်ဖြစ်ပြီး ၄၅ ရက်ထိတိုးလိုက်ပါက ခရီးသွားလုပ်ငန်းမှ ဝင်​ငွေပိုရလာနိုင်မည်ဆိုသည်။

ဩဂုတ် ၁၉ ရက်၌ COVID-19 Situation Administration Centre တွင်ယင်းအဆိုပြုလွှာကိုတင်သွင်းမည်ဖြစ်​ကြောင်း ယုသဆက်က ပြောကြားခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၈ ရက်​နေ့ကထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) နှင့် ဟွာ​ဝေး Huawei Technologies (Thailand) Co., Ltd. တို့သည် “စမတ်ခရီးသွားလုပ်ငန်းအတွက် Digital Transformation and Innovation Development” နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စမတ်ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်းပလက်ဖောင်းနှင့် ခရီးသွားဂေဟစနစ်အသစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် 5G၊ Cloud၊ AI နှင့် AR/VR အပါအဝင် အဆင့်မြင့်နည်းပညာများဖြင့် ခရီးသွားလုပ်ငန်းကို ဆောင်ရွက်သွားမည်ဆိုသည်။

Ref: Khaosod/ tatnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here