နာဂါဆာကီမြို့ကို အမေရိကန်က အနုမြူဗုံးချခြင်း ၇၇ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

0
313

နာဂါဆာကီမြို့ကို အမေရိကန်က အနုမြူဗုံးချခြင်း ၇၇ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က အမေရိကန်တို့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ပေါ်ကို အနုမြူဗုံးတစ်လုံးချခဲ့တာ ၇၇ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဂျပန်နိုင်ငံ နာဂါဆာကီမြို့က ငြိမ်းချမ်းရေးဥယျာဉ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံပေါင်း ၈၀ ကျော်က တာဝန်ရှိသူတွေ၊ အနုမြူဗုံးကြောင့် သေဆုံးဒဏ်ရာရခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေတက်ရောက်ခဲ့ကြပြီး၊ ကွယ်လွန်ခဲ့သူတွေကို ဆုတောင်းမေတ္တာပို့သဖို့အတွက် နံနက်စောစောပိုင်းကတည်းက စုဝေးရောက်ရှိခဲ့ကြပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီ မိနစ်၂၀ မှာတော့ အမေရိကန်တွေရဲ့ B29 ဗုံးကြဲလေယာဉ်က Fat Man လို့ အမည်ပြောင်ပေးထားတဲ့ ပလူတိုနီယံအနုမြူဗုံးကို နာဂါဆာကီမြို့ပေါ်ချခဲ့တဲ့ အချိန်ဖြစ်တာကြောင့် အခမ်းအနားတက်ရောက်လာကြသူအားလုံး ခေတ္တငြိမ်သက်ခဲ့ကြပါတယ်။

COVID-19 ကန့်သတ်ချက်တွေ ဖြေလျော့ပေးထားတာကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီအခမ်းအနာကိ ခုနှစ်မှာ တက်ရောက်သူ ပိုမိုများပြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို အနုမြူဗုံးတစ်လုံးချခဲ့ပြီးနောက် သြဂုတ်လ ၉ ရက်နေ့မှာ နာဂါဆာကီမြို့ပေါ်ကို နောက်တစ်လုံး ထပ်မံချခဲ့တာဖြစ်ပါတယ်။

နာဂါဆာကီမြို့မှာချခဲ့တဲ့ အနုမြူဗုံးဒဏ်ကြောင့် ၁၉၄၅ ခုနှစ်ကုန်အထိ ကောက်ယူခဲ့တဲ့ စာရင်းအရ သေဆုံးသူ ၇၄၀၀၀ ခန့်ရှိခဲ့ပြီး နောက်ဆုံးစာရင်းအရတော့ စုစုပေါင်း ၁၉၂၃၁၀ ဦးသေဆုံးတယ်လို့ စာရင်းချုပ်ခဲ့ရပါတယ်။ ဒဏ်ရာရရှိသူ၊ လူစဉ်မမီဖြစ်ခဲ့သူတွေကတော့ ခန့်မှန်းလို့မရခဲ့ပါဘူးလို့ဆိုပါတယ်။

Ref: Japan marks 77th anniversary of atomic bombing of Nagasaki


LEAVE A REPLY

Please enter your comment!
Please enter your name here