UWSA က ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ရုပ်ရှင်ဒါရိုက်တာကို နစက အာဏာပိုင်များမှတဆင့် ထိုင်းအာ ဏာပိုင်များထံ ပြန်လည်လွှဲပြောင်း

0
226

UWSA က ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ရုပ်ရှင်ဒါရိုက်တာကို နစက အာဏာပိုင်များမှတဆင့် ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်း

“ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)က ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ဒါရိုက်တာတစ်ဦးကို နစက တာဝန်ရှိသူများက တဆင့် ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းရှိ ထိုင်းအာဏာပိုင်များထံ ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၉) ရက် နံနက်ပိုင်းက တာချီလိတ်မြို့ မြန်မာ – ထိုင်းချစ်ကြည်ရေးအမှတ် (၂) တံတားမှတဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် ပြီးခဲ့သည့် ဇွန်လအစောပိုင်းက တာချီလိတ်မြို့မှ တဆင့် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး “ဝ” တပ်ဖွဲ့ထံ ထိန်းသိမ်းခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း (ခ)ဒဲန်နီ ဖမ်းခံထားရကြောင်း ထိုင်းမီဒီယာများ၌ ၂၀၂ ၂ ခုနှစ် ဇူလိုင်လအတွင်းက ပျံ့နှံ့သွားပြီးနောက် UWSA က ၂၀၂၂ ခုနှစ် ဩဂုတ်လ(၇)ရက်တွင် စစ်ဗျူ ဟာအဖွဲ့ (အ ခြေချ) တာချီလိတ် စစ်ဗျူဟာမှူးထံ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်။

ယခု အဆိုပါ ထိုင်းနိုင်ငံသားအား ပြန်လည် အပ်နှံစဉ်တွင် “ဝ” တပ်ဖွဲ့အနေဖြင့် ၎င်းအား ဖမ်းဆီးထားခြင်း မ ဟုတ်ဘဲ မူးယစ်ဆေးဝါး ဖြတ်ပေးရန် ထိန်းသိမ်းထား ခြင်းသာဖြစ်ပြီး ယင်းသို့ ထိန်းသိမ်းထားသည်ကို “ဝ” တပ်ဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များပင် မသိရှိဘူးဟု ပြော ဆိုခဲ့ကြောင်း တာချီလိတ် နယ်မြေခံ အာဏာပိုင်အသိုင်း အဝိုင်းနှင့် ရင်းနှီးသည့် မြို့ခံ သတင်းရင်းမြစ်တဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here