စင်္ကာပူ၌ ဖျော်ဖြေပွဲကျင်းပသွားမည့် နာမည်ကြီး ကေပေါ့အဖွဲ့ BLACKPINK

0
238

စင်္ကာပူ၌ ဖျော်ဖြေပွဲကျင်းပသွားမည့် နာမည်ကြီး ကေပေါ့အဖွဲ့ BLACKPINK

နာမည်ကြီး ကေပေါ့ မိန်းကလေးအဖွဲ့ BLACKPINK သည် Born Pink ဟု အမည်ပေးထားသော ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဖျော်ဖြေမည့်ရက်စွဲအချို့ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းတွင် စင်္ကာပူနိုင်ငံလည်း ပါဝင်ခဲ့သည်။

BLACKPINK အဖွဲ့က အတည်ပြုထားသော ဖျော်ဖြေပွဲ ပြုလုပ်သွားမည့်နေရာများကို ထုတ်ဖော်ပြထားသည့် ပို့စ်တစ်ခုကို ၎င်းတို့၏ တရားဝင် အင်စတာဂရမ်အကောင့်မှ ဩဂုတ်လ ၉ ရက် အင်္ဂါနေ့တွင် တင်ထားခဲ့သည်။

အဆိုပါပို့စ်အရ BLACKPINK အဖွဲ့ဝင် ၄ ဦးစလုံးသည် စင်္ကာပူ၌ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် လာရောက်ဖျော်ဖြေမည် ဖြစ်သည်။ သို့ရာတွင် ဖျော်ဖြေပွဲပြုလုပ်မည့် တည်နေရာနှင့် ဈေးနှုန်းများကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

BLACKPINK ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ် အမည်သည် စက်တင်ဘာလတွင် ထွက်ရှိတော့မည့် ၎င်းတို့၏ အယ်လ်ဘမ်အမည် Born Pink ကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။

BLACKPINK အဖွဲ့သည် ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆိုးလ်၌ ဖျော်ဖြေခြင်းဖြင့် စတင်သွားမည်ဖြစ်ပြီး မြောက်အမေရိက နှင့် ဥရောပရှိ မြို့များသို့ 2022 ပြည့်နှစ်ကုန်ပိုင်း အထိ သွားရောက် ဖျော်ဖြေသွားမည် ဖြစ်သည်။

ထို့နောက် BLACKPINK သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အာရှ၌ ဖျော်ဖြေရေးခရီးစဉ်များကို ထပ်မံပြုလုပ်ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါ အာရှခရီးစဉ်တွင် ဘန်ကောက်၊ ဟောင်ကောင်၊ ရီယာ့ဒ်၊ အဘူဒါဘီ၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ကောင်းရွန်း၊ မနီလာနှင့် စင်ကာပူတို့ ပါဝင်သွားမည် ဖြစ်သည်။

ဇွန်လတွင်မူ ဩစတြေးလျသို့ သွား‌ရောက်ဖျော်ဖြေမည်ဖြစ်သည်။

BLACKPINK သည် စက်တင်ဘာလတွင် ထွက်ရှိမည့် အယ်လ်ဘမ်၏ ပထမတစ်ပိုင်းဖြစ်သော Pink Venom ကို သြဂုတ် ၁၉ ရက် ကိုရီးယားစံတော်ချိန် (၁၂ နာရီ နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ) တွင် ထုတ်လွှင့်မည်ဟု ယခုအပတ်အစောပိုင်းက ကြေညာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here