KNU (ဗဟို)က နိုင်ငံအသီးသီးတွင် ကျင်းပနေသည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများသို့ ဆုတောင်းမေတ္တာသဝဏ်လွာ ပေးပို့

0
263

KNU (ဗဟို)က  နိုင်ငံအသီးသီးတွင် ကျင်းပနေသည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများသို့ ဆုတောင်းမေတ္တာသဝဏ်လွှာပေးပို့

ကရင်အမျိုးသားအစည်းအရုံး(ဗဟို)၊ ကော်သူးလေက ဒေသအသီးသီးနှင့် နိုင်ငံအသီးသီးတွင်ကျင်းပနေသည့် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ ယနေ့ သြဂုတ် ၁၁ ရက် ရက်စွဲဖြင့် ဆုတောင်းမေတ္တာ သဝဏ်လွှာ ပေးပို့ကြောင်း ထုတ်ပြန်ကြေညာသည်။

ကရင့်သက္ကရာဇ်၂၇၆၁ ခုနှစ် 

လားခု လပြည့်(ဝါခေါင်လပြည့် )နေ့၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်နေ့သည် ကရင်အမျိုးသား ရိုးရာဓလေ့အနက် ကရင်အမျိုးသားလုံးဆိုင်ရာ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာနေ့မြတ်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်း ပြည်ပတွင်ရောက်ရှိနေသော ကရင်အမျိုးသားများအနေဖြင့် သတိရလိုသည်မှာ မည်သည့်နေရာဒေသ နှင့် မည်သည့် နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်ပြီး၊  အသက်မွေးဝမ်းကြောင်းများပြုလုပ်သည်ဖြစ်စေ၊ အတည်တကျ အခြေချနေထိုင်ကြသည်ဖြစ်စေ၊  မိမိတို့အမျိုးသားများ၏ ဂုဏ်အင်္ဂါ လက္ခဏာရပ်များ၊ အမျိုးသားရေးဂုဏ်သိက္ခာများ၊ ယဉ်ကျေးမှုနှင့်ထုံးတမ်းဓလေ့များကို ထိန်းသိမ်စောင့်ရှောက်စေလိုကြောင်း အသိပေး ဖော်ပြထားသည်။

ထို့အပြင် မိမိတို့ ကရင်အမျိုးသားများ၏ ရည်မှန်းချက်နှင့် နိုင်ငံရေးပန်းတိုင်သည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်တီးနိုင်ရန်ဖြစ်ပြီး၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခြင်းများမရရှိပါက အောင်နိုင်ခြင်း အခွင့်သည်လည်းမရှိနိုင်ကြောင်း၊ ထို့ကြောင့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ရက်မြတ်သည်မှ ဒေသအသီးသီးနှင့် နိုင်ငံရပ်ခြားအသီးသီးသို့ ရောက်ရှိနေသော သူများအနေဖြင့် ကရင်တစ်မျိုးသားလုံး၏ ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ခွင့်များကို သယ်ပိုးနိုင်ကြစေကြောင်း ဆုမွန်ကောင်းတောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here