ဖယ်ခုံမြို့တွင် ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ USDP ပါတီဝင်ဟောင်း တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
122

ဖယ်ခုံမြို့တွင် ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ USDP ပါတီဝင်ဟောင်း တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရှမ်းပြည်(တောင်ပိုင်း)၊ဖယ်ခုံမြို့တွင် ကယန်းစာပေနှင့်ယဥ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ USDP ပါတီဝင်ဟောင်းဦးဖရန်စစ္စကိုသည် သြဂုတ် ၁၁ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့ရှိ ပြောင်းခြံသို့သွားရောက်စဥ် အမည်မသိအမျိုးသား ၂ ဦးက ဦးဖရန်စစ္စကိုအား သေ နတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဖရန်စစ္စကိုသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သွသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဦးဖရန်စစ္စကိုသည် ကယန်းစာပေနှင့်ယဥ်ကျေးမှုလုပ်ငန်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နာယကအဖြစ်တာဝန်ယူခဲ့ပြီး ကယန်းစာပေယဥ်ကျေးမှုဗဟိုကော်မတီ၌ ၂၀၁၈ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ ဥက္ကဋ္ဌတာဝန်အားထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here