ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ပေါ်လမ်းတွင် မြေပြိုကျမှုများကြောင့် ဖြတ်သန်းသွားလာမရဖြစ်နေ

0
305

ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ပေါ်လမ်းတွင် မြေပြိုကျမှုများကြောင့် ဖြတ်သန်းသွားလာမရဖြစ်နေ

ရှမ်းပြည်(တောင်ပိုင်း)၊ဟိုပုံးမြို့နယ်တွင် သြဂုတ် ၁၄ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မဲနယ်တောင်ရှိ တောင်ပေါ်လမ်းတစ်လျှောက်တွင် မြေပြိုကျမှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

မြေပြိုကျမှုနှင့်သစ်ပင်လဲကျမှုများသည် သြဂုတ် ၁၅ ရက်(ယနေ့)နံနက်ပိုင်းက စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်လမ်းတစ်လျှောက်လုံးနီးပါး၌ ဖြစ်ပွားလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကားများ၊ဆိုင်ကယ်များဖြတ်သန်းသွားလာ၍ မရဖြစ်နေသဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here