စက်သုံးဆီဂါလန် ၁၃ သိန်းခန့် ဆီချလျက်ရှိကာ ဆီသင်္ဘော ၁၂ စီးထပ်မံဝင်ရောက်ရန်ရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
422

စက်သုံးဆီဂါလန် ၁၃ သိန်းခန့် ဆီချလျက်ရှိကာ ဆီသင်္ဘော ၁၂ စီးထပ်မံဝင်ရောက်ရန်ရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မြန်မာနိုင်ငံ၌ စက်သုံးဆီပြတ်လပ်နေသည်ဟု ပြင်ပတွင်ပျံ့နှံ့လျက်ရှိသည့် သတင်းများနှင့်ပတ် သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၁၅ ရက်(ယနေ့)တွင် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“စက်သုံးဆီနဲ့ပတ်သက်လာရင် ပြည်သူလူထုအ နေနဲ့စိုးရိမ်မှုမရှိဖို့ ပြောချင်ပါတယ် သြဂုတ် ၁၄ ရက်က သီလဝါမှာ ဆီသင်္ဘောတစ်စင်း ဆိုက်ကပ်ပြီး ဆီချခဲ့တယ် ဒီနေ့မှာလည်း ဆီသင်္ဘောလေးစီး ဆိုက်ကပ်ပြီးဆီချနေပါတယ် အားလုံးပေါင်းပြောရင်တော့ 92 ၊ 95 နဲ့ပရီမီယံ စုစုပေါင်းတန်ချိန် ၆ သောင်းလောက်(ဆီဂါလန် ၁၃ သိန်း)လောက် ဒီနေ့ချနေပါတယ် ကျွန်တော်တို့ဆီမှာ အရန်ဆီတွေလည်းရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

လက်ရှိတွင် ဆီချနေသည့်အထဲမှ 92 ဆီသည် တန်ချိန် ၂၇၀၀၀ ကျော်၊ 95 ဆီသည် တန်ချိန် ၃၀၀၀ ကျော်၊ ဒီဇယ် တန်ချိန် ၆၀၀၀ ကျော်နှင့် ပရီမီယံဒီဇယ် တန်ချိန် ၂၂၀၀၀ ကျော်ရှိသည်ဟု ပြောသည်။

“သြဂုတ် ၁၈ ရက်နေ့မှာ ဆီတန်ချိန် ၂ သောင်းလောက်ထပ်ဝင်မယ် သြဂုတ် ၁၉ ရက်နေ့မှာလည်း ဆီတန်ချိန် ၂၃၀၀၀ လောက်ထပ်ဝင်မယ် အဲဒီနောက်ပိုင်းမှာလည်း ဆီသင်္ဘော ၁၂ စီးထပ်ဝင်ဖို့ရှိပါတယ် အခုလောလောဆယ်ဒီနေ့ချနေတာကိုပဲ ဂါလန် ၁၃ သိန်းလောက်ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် စက်သုံးဆီနှင့်ပတ် သက်ပါက ကမ္ဘာတွင်လည်း စက်သုံးဆီစျေးကြီးမြင့်လျက်ရှိကာ မိမိတို့အနေဖြင့် ကမ္ဘာ့စက်သုံးဆီစျေးကြီးမြင့်မှုကို ထိန်းချုပ်၍မရသဖြင့် မြန်မာ နိုင်ငံအစိုးရအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်လာပါက အခွန်လျော့ပေါ့ပေးခြင်း၊ နိုင်ငံခြားငွေရောင်းချပေးခြင်းတို့အား လုပ်ဆောင်ပေးလျက်ရှိသည်ဟု ပြောသည်။

“ကျွန်တော်တို့နိုင်ငံရဲ့စက်သုံးဆီစျေးနှုန်းဟာ အ ရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေထဲမှာ စျေးနှုန်းနိမ့်တာကိုတွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here