စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်းနှင့်အကန့်အသတ်ဖြင့်ရောင်းချခြင်းများရှိပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များထုတ်ပြန်

0
407

စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်းနှင့်အကန့်အသတ်ဖြင့်ရောင်းချခြင်းများရှိပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များထုတ်ပြန်

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် စက်သုံးဆီဈေးနှုန်း မှန်ကန် စွာသုံးစွဲနိုင်ရန်နှင့်ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရန် တင်သွင်းဖြန့်ဖြူးခြင်းများအား ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ပြုလုပ်ပေးလျက်ရှိရာမှ အချို့ စက်သုံးဆီအရောင်းဆိုင်များသည် ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်စေရန်နှင့်စက်သုံးဆီဈေးနှုန်းပြောင်းလဲမှု ရှိလာနိုင်မည်ဟုယူဆကာ စက်သုံးဆီပြတ်လပ်သည်(သို့)စက်သုံးဆီလက်ကျန်နည်းပါးသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

 

ထို့ကြောင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဖုန်း ၀၆၇- ၄၁၁၁၂၉ ၊ ၀၉ – ၄၄၀ ၄၃၃ ၅၃၃ ၊ ၀၆၇-၄၀၉၈၈၁ ၊ ၀၉- ၆၉၉ ၆၁၁ ၁၁၆ တို့သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

 

အလားတူ နေပြည်တော် ဖုန်း ၀၉- ၅၂၄၀၃၆၃ နှင့် ၀၆၇-၃၂၂၀၃၆ ၊ ရန်ကုန်တိုင်း ဖုန်း ၀၉- ၅၁၅ဝ၁၃၀ နှင့် ၀၁- ၈၂၉၂၁၂၄ ၊ မန္တလေးတိုင်း ဖုန်း ၀၉- ၅၁၄၃၂၄၄ နှင့် ၀၂- ၄၀၃၉၂၀၉ ၊ ပဲခူး တိုင်း ဖုန်း ၀၉- ၅၁၄၈၅၀၅ နှင့် ၀၅၂- ၂၂၂၁၉၈၉ ၊ မကွေးတိုင်း ဖုန်း ၀၉- ၅၃၄၀၅၄၈ နှင့် ဝ၆၃-၂၀၂၆၈၆၀ တို့သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

 

ထို့ပြင် ဧရာဝတီတိုင်း ဖုန်း ၀၉- ၉၇၆၄၈၂၅၆၃ နှင့် ၀၄၂- ၂၁၂၃၉ ၊ စစ်ကိုင်းတိုင်း ဖုန်း

၀၉- ၂၅၂၀၀၄၄၄၇ နှင့် ၀၇၁- ၂၀၂၁၀၈၃ ၊ တနင်္သာရီတိုင်း ဖုန်း ၀၉- ၂၅၄၁၆၇၈၉၂ ၊ ကချင်ပြည်နယ် ဖုန်း ၀၉- ၅၄၀၈၄၂၇ နှင့် ၀၇၄- ၂၅၂၂၇၃၄ ၊ ကယားပြည်နယ် ဖုန်း

၀၉- ၅၁၂၉၁၈၉ နှင့် ၀၈၃- ၂၂၂၁၀၇၃ ၊ ကရင်ပြည်နယ် ဖုန်း ၀၉- ၅၀၅၃၅၈၄ နှင့် ၀၅၈- ၂၁၀၄၅ တို့သို့လည်း တိုင်ကြားနိုင်သည်။

 

ထို့အတူ ချင်းပြည်နယ် ဖုန်း ၀၉- ၂၄၅ ၀၀ ၄၃ နှင့် ၀၇၀-၂၀၂၁၁၂၃ ၊ မွန်ပြည်နယ် ဖုန်း

၀၉- ၂၅၅ ၇၂၄ ၃၉၅ နှင့် ၀၅၇- ၂၀၂၄၄၁၆ ၊ ရခိုင်ပြည်နယ် ဖုန်း ၀၉- ၄၂၁၇ ၃၅၆ ၄၄ နှင့် ၀၄၃- ၂၃၂၂၀ ၊ ရှမ်းပြည်(မြောက်ပိုင်း) ဖုန်း ၀၉- ၂၀၀၂၂၄၄ နှင့် ၀၈၂- ၂၂၀၃၀၁၆ ၊ ရှမ်းပြည် (တောင်ပိုင်း) ဖုန်း ၀၉- ၂၀၂၈ ၂၂၈ နှင့် ၀၈၁-၂၃၄၅၀၂၁ ၊ ရှမ်းပြည်(အရှေ့ပိုင်း) ၀၉- ၉၅၃၃၄၄၉၂၁ နှင့် ဝ၈၁- ၂၀၂၁၃၁၄ တို့အပါအ ဝင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင်လည်း တိုင်ကြားနိုင်ကြောင်း သိရသည်။

စက်သုံးဆီများအား ဩဂုတ်လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်ကာ ပြည်သူများစိုးရိမ်ကြောင့်ကြမှုကင်းစွာ သုံးစွဲနိုင်ရန် စက်သုံးဆီများကို စဉ်ဆက်မပြတ် ဖြည့်တင်းရေးအား မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here