စစ်တွေမြို့တွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှုဖြစ် ၊ ဓါးထိုးခံရသည့် အမျိုးသမီးသေဆုံး

0
268

စစ်တွေမြို့တွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးပြီး ဖုန်းလုယက်မှုဖြစ် ၊ ဓါးထိုးခံရသည့် အမျိုးသမီးသေဆုံး

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ဘောလုံးကွင်းရပ်ကွက်တွင် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်း အမျိုးသမီးကို ဓားဖြင့်ထိုးကာ ဖုန်းလုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ဘောလုံးကွင်းရပ်ကွက်၏ ဓမ္မာရုံအနီး၌ ဖွင့်လှစ်ထားသည့် လူသုံးကုန်ပစ္စည်းအရော င်းဆိုင်မှ အသက်(၁၆) နှစ်အရွယ်ရှိ ဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထိုး၍ ဖုန်းအားလုယက်ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည် သိရသည်။

ဆိုင်ဝန်ထမ်းအမျိုးသမီးသည် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ် ရာ (၂) ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုဖုန်းသတင်းရတဲ့အချိန်က ည ၆ နာရီလောက်ရှိနေပြီ အခင်းဖြစ်တဲ့အချိန်က မ နက် ၁၁ နာရီလောက်ထဲကဖြစ်တာလို့ အခင်းဖြစ်ရပ်ကိုလာစစ်တဲ့လူတွေပြောလို့ သိရတယ် အဲဒီကောင်မလေးသေနေတာကို ဘယ်သူမှမသိကြဘူး ကောင်မလေးက ဒီနှစ်မှ ၁၀ တန်းအောင်ထားတာ တခြားဘာမှတော့ပါမသွားဘူးတဲ့ ဖုန်းပဲပါ သွားတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ်ဆေးမှုများပြီးစီးပြီးနောက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here