ကြယ်ငါးပွင့် အဆင့်ရှိ နိုင်ငံခြားသားပိုင် Luxury Cruise ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်မည်

0
190

ကြယ်ငါးပွင့် အဆင့်ရှိ နိုင်ငံခြားသားပိုင် Luxury Cruise ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်မည်

ယခင်က ဧရာဝတီမြစ်အတွင်း စုန်ဆန်စီးမျောပြီး အင်းဝတွင် ရေပေါ်ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသည့်Sanctuary Ananda သင်္ဘောသည် ယခုလက်ရှိတွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ခံတံတား အမှတ် ၂ တွင် ကျောက် ချရပ် နားပြီးရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း ယင်းရေပေါ်ဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဇိမ်ခံ သင်္ဘော သည် ပြီးခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရပ်နားခဲ့ပြီးနောက် ယခုနှစ် မတ်လ ပိုင်းမှ စတင်ကာ အင်းဝမြို့တွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်ခဲ့ပြီး စျေးကွက်အရတွက်ချေမကိုက်သဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

“အမတို့ အခု ဗိုလ်တထောင် မှာ သင်္ဘော က ရောက်နေပြီ။ ရန်ကုန်ဆိုတော့ Market ပို ကျယ်မယ်လို့ ယူဆရပါတယ်။ အခုလတ်တလောတော့ ကုမ္ပဏီ တွေ ဘက်က Meeting တို့ Dinner တို့ ကမ်းလှမ်းလာတာတွေ ရှိပါတယ်။ အမတို့ သင်္ဘော ပေါ်မှာ ဝန်ထမ်း ၆၀ ကျော် ရှိတယ် ။ ဝင်ငွေနည်းလည်း အမတို့ ဝန်ထမ်းတွေ ကို မထုတ်ဖြစ်ဘူး။ အမြတ်ထက် ပုံမှန်လေး လည်ပတ်နိုင်ဖို့ပဲ အဓိကမို့ အခုလို အင်းဝကနေ ရန်ကုန်ကို ရောက် လာခဲ့တာဖြစ်တယ် “ဟု ယင်းရေပေါ်ဟိုတယ် ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်္ဘော ပေါ်၌ အခန်းပေါင်း(၂၁ )ခန်း ရှိပြီး လက်ရှိတွင် နှစ်ယောက် အိပ်ခန်းတစ်ခန်း ကို တစ်ညလျှင် အမေရိကန် ဒေါ်လာ (၅၅) မှ စတင်ကာ သတ်မှတ်ထား​ကြောင်း သိရသည်။

ထို့ပြင် Sanctuary Ananda Luxury Cruise မှ စနေနေ့တိုင်း ညနေ ၄ နာရီ မှ ည ၇ နာရီ ထိ ရန်ကုန်မြစ်တွင်း ပြေးဆွဲ ပေးကာ နေဝင်ဆည်းဆာ ကြည့်ပြီး Sunset & Wine Sailing Package ကို ရောင်းချပေးနေပြီး Ticket တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၄၀ မှ သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် UK အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Sanctuary Retreats မှ ပြေးဆွဲ သည့် Sanctuary Ananda Cruise ဖြစ်ပြီး ယင်းကုမ္ပဏီပိုင် သင်္ဘော များမှာ အီဂျစ် နှင့် တရုတ် တွင် ပြေးဆွဲပေးနေပြီး မြန်မာနိုင်ငံ တွင် Ananda တစ်စီးသာ ပြေးဆွဲနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here