ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရဘဏ် (သို့)ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းကြရန် အသိပေးနှိုးဆော်

0
506

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရဘဏ် (သို့)ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းကြရန် အသိပေးနှိုးဆော်

ပြည်ပတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသူများအ နေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာငွေများနှင့်ပတ်သက်၍ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လစာငွေများသည် ၂၀၂၂ ခုနှစ်၊ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်း လစာငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌ ကားဝယ်ယူခြင်း၊အခြေပစ္စည်းများဝယ်ယူခြင်း၊တည်ဆောက်ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရာ၌ အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်းလုပ်ငန်းစဉ်များအား စိစစ်ဆောင်ရွက်ရကြောင်း သိရသည်။

ထိုသို့ စိစစ်ရာ၌ ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အ စည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့မှသာ တည်ဆဲအခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံ စားခွင့်များအား ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပနေနိုင်ငံသားများအနေဖြင့် အ ခွန်ကင်းလွတ်ခွင့်ရှိသည့် လစာငွေဖြင့် အခြေပ စ္စည်းများဝယ်ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံ စားခွင့်များ ပြည့်ပြည့်ဝဝရရှိနိုင်ရန် ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် (သို့)ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here