ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မှမြေများပြိုကျ၍ အုပ်ချုပ်ရေးမှူးရုံးနှင့်နေအိမ် ၆ လုံးပျက်စီး

0
134

ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မှမြေများပြိုကျ၍ အုပ်ချုပ်ရေးမှူးရုံးနှင့်နေအိမ် ၆ လုံးပျက်စီး


မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တော်ပေါ်မှမြေများပြိုကျခဲ့သဖြင့် အုပ်ချုပ်ရေးမှူးရုံးနှင့်နေအိမ် ၆ လုံးပေါ်သို့ ပိမိကာပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကလော့တောင်စောင်းမြေနံရံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့ခြင်းဖြစ်ပြီး ပျက်စီးသွားသည့် နေအိမ် ၄ လုံးတွင် နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ၎င်းတို့၏ ဆွေမျိုးများထံသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


ထို့ပြင် ကဒါကျေးရွာ၏ ရပ်ကွက်(၁၂)နှင့်ရပ် ကွက်(၁၁)တို့ရှိ နေအိမ် ၂ လုံးပေါ်သို့လည်း ကွမ်ရိုက်တောင်မြေနံရံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံူသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်များ၌ လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ဘဲ အုပ်ချုပ်ရေးမှူးရုံးနှင့်နေအိမ်ပျက်စီးဆုံးရှုံးမှုများသာ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here