ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ်တွေ့ဆုံမည်

0
223

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ်တွေ့ဆုံမည်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် နစကဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ ယခုလအတွင်း ဒုတိယအကြိမ်တွေ့ဆုံရန်ရှိကြောင်း သိရသည်။

ယမန်နေ့ သြဂုတ် ၁၆ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက်စဥ်ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောကြားရာတွင် ငြိမ်းချမ်းရေးအတွက် ပထမအကြိမ်လာရောက်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့လုံးအား အုပ်စုဖွဲ့ကာတစ်ပေါင်းတည်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို၊ လုပ်ပိုင်ခွင့်ကိုပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။ နိုင်ငံရေးမှာ ရည်မှန်းချက် နှစ်ခုက ဒါပဲဖြစ်တယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အရေးကြီးတာက ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာပေါ့။ နားမလည်တဲ့သူကတော့ ဘေးကနေပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPP အဖွဲ့နဲ့ဆွေးနွေးတယ်။ ကျွန်တော်တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ် အာဏာကိုပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလား မေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျွန်တော်ဒုတိယအကြိမ် ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်။”ဟုဆိုသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စက်တင်ဘာလအတွင်း တစ်ကြိမ်ထပ်မံတွေ့ဆုံပြီးနောက် ရရှိလာသည့်သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန်ကြိုးစားသွားမည်ဟု ဆက်လက်ပြောကြားသည်။

“ဒီအတွက်တော့ ဘယ်လောက်ကြာမလဲ ကျွန်တော် မပြောနိုင်သေးဘူး။ အခြေခံသဘောတူညီချက်ရပြီးဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ဒါကိုဘာကြောင့် EAO တစ်ချို့ အဖွဲ့တွေက နားလည်မှုမရှိနိုင်လည်းဆိုတာ ကျွန်တော်လည်း မတွေးတတ်ဘူး။ တစ်ကယ်လို့ ပြည်ထောင်စုအပေါ်မှာ။ တကယ်ကို တိုင်းရင်းသားအရေး။ ပြည်ထောင်စု အရေးကိုတကယ် မျှော်မှန်းလို့ရှိရင် ဒီနှစ်ချက်အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ဘာမှမဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်က လိုလားပါတယ် ပြောထားပြီးပြီပဲ။ ဖြစ်ချင်ပါတယ် ပြောထားပြီးပြီပဲ။ အဲ့ဒီအတွက် လာပြီးဆွေးနွေး။ ကျွန်တော်တို့ပြောမယ်။ အဲ့ဒီကျရင်။ ဒါကတော့ဖြစ်နိုင်ဘူး။ ဒါကတော့ဖြစ်နိုင်တယ်။ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ဖြစ်ချင်တာ ဒါရှိတယ်။ ခင်ဗျားတို့ဖြစ်ချင်တာ ဒါရှိတယ်။ အဲ့ဒီတော့ နှစ်ဘက်ညှိပြီးတော့ ဖြစ်သင့်တွေကို ကျွန်တော်တို့ သဘောတူညီချက်ရအောင်ယူ။ ဒါပဲဗျာ။ အဖြေက ဟုပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here