မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကား နခွန်စီထမရာ့ခရိုင်တွင် သစ်ပင်ဝင်တိုက်ပြီးတိမ်းမှောက် ၃ ဦးသေဆုံး

0
218

မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကား နခွန်စီထမရာ့ခရိုင်တွင် သစ်ပင်ဝင်တိုက်ပြီးတိမ်းမှောက် ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကားသည် သြဂုတ် ၁၇ ရက်ကသစ်ပင်ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ကပ်ကားပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးလိုက်ပါလာခြင်းဖြစ်ကာ ဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံသား ၃ ဦးအခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဆေးကုသမှုခံယူရန် ကျူလာဖွန်ဆေးရုံနှင့်နခွန်းစီထမ်မရတ်ဆေးကြီးတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


ယင်း မြန်မာနိုင်ငံသားများသည် ကော့သောင်းမြို့မှတဆင့် စက်လှေဖြင့် ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ဝင်ရောက်လာပြီးနောက် နခွန်စီထမရာ့ခရိုင်၌ အလုပ်လုပ်ကိုင်ရန် ကားဖြင့်ထပ်မံလာရောက်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သူအချို့နှင့်ကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here