မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းအား သြဂုတ် ၁၅ ရက်မှစတင်၍ နာမည်နှင့်မှတ်ပုံတင်ရှေ့/နောက်ပုံအပါအဝင် သတ်မှတ်ထားသည့် အချက်အလက်ပြည့်စုံမှသာဖွင့်လှစ်ပေးရန် ဗဟိုဘဏ် ညွန်ကြား

0
223

မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းအား သြဂုတ် ၁၅ ရက်မှစတင်၍ နာမည်နှင့်မှတ်ပုံတင်ရှေ့/နောက်ပုံအပါအဝင် သတ်မှတ်ထားသည့် အချက်အလက်ပြည့်စုံမှသာဖွင့်လှစ်ပေးရန် ဗဟိုဘဏ် ညွန်ကြား

ဗဟိုဘဏ်က မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများဆိုင်ရာစည်းမျဉ်း အခန်း ၅ ၌ပါဝင်သည့် မိုဘိုင်းငွေကြေးစာရင်းများအတွက် ငွေ ကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသတ်မှတ်ချက် များအရ သြဂုတ် ၁၅ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊မိုဘိုင်းပေးလုပ်ငန်းဆောင်ရွက်နေသည့်ဘဏ်များအနေဖြင့် မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းအား အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်(အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စသည့် Know Your Customer (KYC)အချက်အလက်အပြည့်အစုံရယူပြီးမှသာဖွင့်လှစ်ပေးရမည်ဖြစ်သည်။

ထို့ပြင် လက်ရှိစာရင်းဖွင့်ပေးထားသည့် Data Base အတွင်းရှိ Level 1 အကောင့်များအား KYC အချက်အလက်အပြည့်အစုံရယူ၍ Level 2 အကောင့်သို့ အဆင့်မြှင့်တင်ခြင်းအား (၃)လအ တွင်းအပြီးအစီးဆောင်ရွက်ရမည်ဖြစ်ကာ Mobile Application မှတစ်ဆင့် မိုဘိုင်းငွေကြေးစာရင်းဖွင့်လှစ်ထားသူအချင်းချင်း ငွေလွှဲရာတွင် ငွေလွှဲပို့သူမှငွေလက်ခံမည့်သူ၏ဖုန်းနံပါတ်ကို Application တွင် ထည့်သွင်းသည်နှင့်တစ်ပြိုင် နက် တစ်ဖက်စာရင်းပိုင်ရှင်(လက်ခံသူ) ၏အမည်ကို ဖော်ပြထားနိုင်ရန် 5ystem တွင်လိုအပ်သည့် ပြင်ဆင်မှုများအား အမြန်ဆုံး ဆောင်ရွက်ကာ ဆောင်ရွက်ပြီးစီးမှုကိုတင်ပြရမည်ဖြစ်သည်။

အလားတူ ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲ/ငွေထုတ်ရာတွင် ဖုန်းနံပါတ်ထည့်သွင်းခြင်း၊ လျှို့ ဝှက်နံပါတ်အသုံးပြုခြင်းအပြင် ငွေလွှဲပို့သူနှင့်ငွေလက်ခံသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်(အရှေ့/အ နောက်)ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့သည့်အကြောင်းအရင်းတို့အား ကိုယ်စားလှယ်မှ အပြည့်အစုံရယူထားရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ ကိုယ်စားလှယ်ထံ လာရောက်ငွေလွှဲသူမှ ငွေလွှဲပြီးပါက ကိုယ်စားလှယ်က Mobile Application တွင် အထက်ပါအတိုင်း အချက် အ လက်ပြည့်စုံစွာထည့်သွင်းရမည်ဖြစ်ကာ အချက် အလက်များပြည့်စုံစွာထည့်သွင်းခြင်း မရှိပါက ငွေလွှဲခြင်းလုပ်ငန်းစဉ်မပြီးမြောက်စေရန် System တွင်လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်၍ ပြီးစီးမှုအားတင်ပြရမည်ဖြစ် သည်။

ကိုယ်စားလှယ်များအနေဖြင့် ငွေထုတ်ပေးရာတွင် အချက်အလက်များအပြင် ငွေထုတ်ယူသူ၏ ဖုန်း SMS မှ ငွေလွှဲပြေစာအမှတ်လျှို့ဝှက်နံပါတ်အား တိုက်ဆိုင်စစ်ဆေး၍ SMS လက်ခံရရှိသည့် မူရင်းဖုန်းနံပါတ်ပိုင်ရှင်ကိုသာ ငွေထုတ်ပေးရမည်ဖြစ် သည်။

ထို့ပြင် ငွေလွှဲ၊ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များ၌ CCTV တပ်ဆင်ခြင်း (သို့)ငွေလွှဲ၊ငွေထုတ်သူအား လျှို့ဝှက်စွာဓာတ်ပုံရိုက်ယူထားရမည်ဖြစ်ကာ မိုဘိုင်းငွေကြေးစာရင်းအား ဘဏ်ငွေစာရင်းနှင့်ချိတ်ဆက်ဆောင်ရွက်ပါက ဘဏ်စာရင်းပိုင်ရှင်အမည်၊ ဘဏ်အမည်၊ ဘဏ်ငွေစာရင်းအမှတ်တို့ကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။

အလားတူ ကိုယ်စားလှယ်များနှင့်မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်း မျဉ်း၊ အခန်း ၅၊ အပိုဒ် ၁၇ (ဂ) အရ ဖွင့်လှစ်ထားသည့် Level 3 အကောင့် User များအား အမှန်တ ကယ်နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်နှင့်ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကိုလည်း ရယူထားရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here