ကနေဒါလွှတ်တော်အမတ်များထိုင်ဝမ်သွားရန် စီစဉ်နေ

0
149

ကနေဒါလွှတ်တော်အမတ်များထိုင်ဝမ်သွားရန် စီစဉ်နေ

အော့တဝါ၊ ဩဂုတ် ၁၇

ကနေဒါလွှတ်တော်အမတ်များသည်  အောက်တိုဘာတွင် ထိုင်ဝမ်သို့ သွားရန် စီစဉ်နေကြောင်း လစ်ဘရယ်ပါလီမန်အမတ် ဂျူဒီ ဂရိုက သြဂုတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် တရုတ်နှင့် အနောက်အုပ်စုကြား တင်းမာမှုများကို ပိုမို‌ေစ့ဆော်ပေးနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးသည် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ် အပြီး ၌ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပါလီမန်ကော်မတီအဖွဲ့ဝင်များသည် ထိုင်ဝမ်ကျွန်းပေါ်သို့ အချိန်အတန်ကြာ သွားရောက်လည်ပတ်ရန် စီစဉ်လျက်ရှိကြောင်း ဂရို က ဆိုသည်။

“ဒီခရီးစဉ်ဟာ ထိုင်ဝမ်အတွက်ရော တရုတ်အတွက်ပါ ပြဿနာဖြစ်စေဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ကူးသန်းရောင်းဝယ်ရေး၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အာရှပစိဖိတ်ဒေသတစ်ခုလုံးမှာရှိတဲ့ ကနေဒါနိုင်ငံအတွက် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပါတယ်”ဟု ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် ဂရို က ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။

ကနေဒါလွှတ်တော်အမတ်များသည် ယခင်က ထိုင်ဝမ်သို့ တစ်နှစ်လျှင်နှစ်ကြိမ်သွားရောက်လည်ပတ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်ကြောင့် ရပ်ဆိုင်းခဲ့ကြောင်း ဂရို က ပြောကြားခဲ့သည်။

အော့တဝါရှိ တရုတ်သံရုံးက အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။

ကွန်ဆာဗေးတစ် ပါလီမန်အမတ်ဖြစ်သည့် ကုန်သွယ်ရေးကော်မတီဒုဥက္ကဋ္ဌ ရန်ဒီဟိုဘက် က ထိုင်ဝမ်သို့ သွားရောက်ရန် မဆုံးဖြတ်မီ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ လမ်းညွှန်မှု ရယူမည်ဟု ဆိုသည်။

“အရာတော်တော်များများ ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ဖို့လိုနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ အဲဒီထဲကမှ တစ်ခုကတော့ နိုင်ငံတစ်ခုကနေ နောက်တစ်ခုဆီ လည်ပတ်မှုတွေနဲ့ အပြန်အလှန်ဆက်ဆံမှုတွေရှိနေဖို့ပဲ ဖြစ်ပါတယ်” ဟု ဟိုဘက် က ရိုက်တာသတင်းဌာန သို့ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here