UNHCR က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရိုဟင်ဂျာစခန်းမှ လူဦးရေ ၁၃၁, ၅၀၀ ဦးအား ကူညီ

0
98

UNHCR က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရိုဟင်ဂျာစခန်းမှ လူဦးရေ ၁၃၁, ၅၀၀ ဦးအား ကူညီ

 UNHCR အနေဖြင့် ရခိုင်ပြည်နယ်တွင်းရှိနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်လျက်ရှိသော ရိုဟင်ဂျာစခန်းမှ လူဦးရေ ၁၃၁, ၅၀၀ ဦးအား တန်းတူညီမျှအခွင့်အလမ်းရရှိစေရန် စခန်းအတွင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ဆက်လက်ကူညီလုပ်ဆောင်လျက်ရှိကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအနက် လူဦးရေ ၁,၉၀၀ ဦးခန့်သည် ပြန်လည်ဆောက်လုပ်ပြီးစီးခဲ့သော အဆောင်တန်းလျားရှည်များသို့ ရွှေ့ပြောင်းနေထိုင်နိုင်ပြီဖြစ်ကြောင်းသိရသည်။

ထို့အပြင် UNHCR သည် အရှေ့တောင်ပိုင်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေ ၄၅၅ ဦးနှင့် အမျိုးသမီးဦးစီးသောအိမ်ထောင်စုဝင်များအား လက်ရှိအမိုးအကာများ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးခြင်း နှင့် ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောက်လုပ်နိုင်ရန် CGI အိမ်မိုးသွပ်အချပ်များကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။


အလားတူ ကယားပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တို့တွင် သီးခြားအကူအညီလိုအပ်လျက်ရှိနေသူ ၅၅ ဦးအား ငွေကြေးထောက်ပံ့မှုအကူအညီများ ပေးအပ်ကူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here