ဘိလပ်မြေစက်ရုံများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် အပူစွမ်းအင်နှင့်နေရောင်ခြည်စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားရယူနိုင်ကာ လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးမည်

0
139

ဘိလပ်မြေစက်ရုံများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် အပူစွမ်းအင်နှင့်နေရောင်ခြည်စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားရယူနိုင်ကာ လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးမည်

ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ် သက်၍ သြဂုတ် ၁၆ ရက်ကပြုလုပ်သည့် အစည်း အဝေး၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ် ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့် ဆည်းပေးနိုင်ရန် ရရှိနိုင်သမျှသော စွမ်းအင်အ ရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုး တက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲသူများနှင့်စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ဓာတ်အားပေးစက်ရုံများ၊မဟာဓာတ်အားလိုင်းများနှင့်ဓာတ် အားခွဲရုံများအား တည်ဆောက်ပေးလျက်ရှိသည်ဟု ပြောသည်။

အလားတူ ဘိလပ်မြေစက်ရုံများမှ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှ ဖြန့် ဖြူးပေးလျက်ရှိသည်ဟုပြောသည်။

“ဘိလပ်မြေစက်ရုံတွေအနေနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့ အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်တွေကနေ လျှပ်စစ်ဓာတ်အားရယူနိုင်ဖို့ စီမံဆောင် ရွက်သွားနိုင်ပါတယ် အဲဒီအတွက် လိုအပ်တဲ့ နည်းပညာကို ဝန်ကြီးဌာနက ပံ့ပိုးကူညီပေးသွားမှာပါ အခက်အခဲရှိရင်လည်း ပြန်ပြီးတင်ပြဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းနှင့်မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ သက်ဆိုင်ရာနယ်မြေအ လိုက် ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here