ဝိုင်းမော်၊မိုးကုတ်နှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များဖမ်း ဆီးရမိခဲ့

0
152

ဝိုင်းမော်၊မိုးကုတ်နှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များဖမ်း ဆီးရမိခဲ့

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့၊မန္တလေးတိုင်း၊မိုးကုတ်မြို့နှင့်ရှမ်းပြည်နယ်၊တာချီလိတ်မြို့တို့တွင် သြဂုတ် ၁၇ ရက်က မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ၅၀ မိနစ်က ဝိုင်းမော်မြို့၊အ မှတ် ၁ ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုအတွင်းသို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ အခန်းအမှတ်-၁၀၆ တွင်နေထိုင်သည့် အေးအေးမာ(၃၃)နှစ်အား စိတ်ကြွဆေးပြား ၅၅၅၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ် ဖွဲ့မှသိရသည်။

အလားတူ မိုးကုတ်မြို့၊ရွှေဘုံသာရပ်ကွက်နေ လှမင်း(ခ)အိုက်မောင်(၅၈)နှစ်၏ နေအိမ်အား နေ့လည် ၃ နာရီခွဲ၌ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ စတိုခန်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၂ ကီလိုနှင့်စိတ်ကြွဆေးပြား ၅၁၈၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၉ နာရီခွဲတွင်လည်း တာချီလိတ်မြို့ နယ်၊မိုင်းကိုးကျေးရွာအုပ်စု၊ယန်းခမ်းကျေးရွာနေ အိုက်အေး(ခ) စိုင်းအေး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ စိတ်ကြွဆေးပြား ၁၄၀၀၀ ပြား၊ AK 47 သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၈၀ တောင့်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ လေသေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ပစ္စတိုကျည်အိမ် ၇ ခု၊ ပွိုင့် ၃၈ ကျည်ငါးတောင့်၊ စိတ်ကြွဆေးမှုန့် ၂ ကီလိုတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်း ဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here