မြို့နယ်များ၌ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့်တ ရားမမှုများကို ခရိုင်တရားရုံး ၁၄ ခုတွင် စစ်ဆေးစီရင်ခွင့်ပြု

0
689

မြို့နယ်များ၌ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့်တ ရားမမှုများကို ခရိုင်တရားရုံး ၁၄ ခုတွင် စစ်ဆေးစီရင်ခွင့်ပြု

မြို့နယ်များအတွင်း၌ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့်တရားမမှုများအား စစ်ဆေးစီရင်ခွင့်ပြုသည့် ခရိုင်တရားရုံး ၁၄ ရုံးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာအမှတ် ( ၅၅၆/၂၀၂၂ )ဖြင့် သြဂုတ် ၁၇ ရက်က ထုန်ပြန်ခဲ့သည်။

ထို့ကြောင့် ခရိုင်တရားရုံး ၁၄ ရုံးသည် ပြည် ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၃ အရ မြို့ နယ်များအတွင်းဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့်တရားမမှုများကိုစစ်ဆေးစီရင်ပိုင်ခွင့်ရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်မှာ တိုက်ကြီးခရိုင်တရားရုံး၊ လှည်းကူးမြို့နယ်မှာ လှည်းကူးခရိုင်တရားရုံး၊ မှော်ဘီ၊ထန်းတပင်မြို့နယ်တို့မှာ မှော်ဘီခရိုင်တ ရားရုံး၊ မင်္ဂလာဒုံ၊ရွှေပြည်သာမြို့နယ်တို့မှာ မင်္ဂ လာဒုံခရိုင်တရားရုံး၊ အင်းစိန်၊လှိုင်သာယာ(အ ရှေ့)၊လှိုင်သာယာ(အနောက်)မြို့နယ်တို့မှာ အင်းစိန်ခရိုင်တရားရုံး တို့တွင်စစ်ဆေးစီရင်ခွင့်ရှိခဲ့သည်။

အလားတူ သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊ရန် ကင်း၊တာမွေမြို့နယ်တို့မှာ သင်္ဃန်းကျွန်းခရိုင်တ ရားရုံး၊ ဗိုလ်တထောင်၊ဒေါပုံ၊မင်္ဂလာတောင်ညွှန့်၊ပုဇွန်တောင်၊သာကေတမြို့နယ်တို့မှာ ဗိုလ်တထောင်ခရိုင်တရားရုံး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ဒဂုံမြို့သစ်(မြောက်ပိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှာ ဒဂုံမြို့သစ်ခရိုင်တရားရုံးတို့တွင် စစ်ဆေးစီရင်ခွင့်ရှိခဲ့သည်။

ထို့ပြင် သန်လျင်၊ကျောက်တန်း၊သုံးခွ၊ခရမ်း၊ကို ကိုးကျွန်းမြို့နယ်တို့မှာ သန်လျင်ခရိုင်တရားရုံး၊ တွံတေး/ဆိပ်ကြီးခနောင်တို၊ဒလ၊ကော့မှူး၊ကွမ်းခြံကုန်းမြို့နယ်တို့မှာ တွံတေးခရိုင်တရားရုံး၊ ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော် ၊ဒဂုံမြို့နယ်တို့မှာ ကျောက်တံတားခရိုင်တရားရုံး၊ အလုံ၊ကြည့်မြင်တိုင်၊စမ်းချောင်းမြို့နယ်တို့မှာ အလုံခရိုင်တရားရုံးတို့တွင် စစ်ဆေးစီရင်ခွင်ရှိခဲ့သည်။

ထို့အတူ မရမ်းကုန်း၊လှိုင်၊မြောက်ဥက္ကလာပမြို့ နယ်တို့မှာ မရမ်းကုန်းခရိုင်တရားရုံး၊ ကမာရွတ်၊မရမ်းကုန်းမြို့နယ်တို့မှာ ကမာရွတ်ခရိုင်တရားရုံးတို့တွင် စစ်ဆေးစီရင်ခွင့်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here